IELTS Free Practice Test_Reading

Reading Passage 3 You should spend about 20 minutes on Question 1 ~ 13, which are based on Reading Passage 3. What’s at Issue Now? Preface  ̶  What to Expect Students’ exposure to many contemporary social, political and moral issues occurs principally, if not exclusively, by way of the electronic and print media. Students often … Continue reading IELTS Free Practice Test_Reading

၂၀၂၁ ခုနှစ်ကနာမည်ကြီးခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းဘာသာရပ် (၁၀) ခု

နိုင်ငံခြားမှာကျောင်းတက်ပြီး အလုပ်လုပ်ဖို့ရည်ရွယ်ထားပေမယ့် ကိုယ်ဝါသနာပါတဲ့ဘာသာရပ်တွေက အလုပ်အကိုင်အတွက်အဆင်ပြေနိုင်ပါ့မလား စိတ်ပူနေရတာလည်းရှိတတ်ပါတယ်။ နှစ်စဉ် နှစ်တိုင်း နိုင်ငံတကာ တက္ကသိုလ်တွေမှာတက်ရောက်ကြတဲ့ကျောင်းသား၊ ကျောင်းသူတွေထဲမှာ စိတ်ဝင်စားမှုများတဲ့ ဘာသာရပ်တွေကြည့်ရင် Medicine နဲ့ Engineering တင်မကပါဘူး။ နည်းပညာနဲ့ကမ္ဘာကြီးအတွက် Computer science ဘာသာရပ်တွေကလည်း လူတွေကြားမှာရေပန်းစားမြဲစားနေတုန်းပါ။ အဓိကကတော့ နိုင်ငံပေါ်မူတည်ပြီး ဘယ်ဘာသာရပ်တွေရွေးချယ်ရမလဲ စဉ်းစားဖို့တော့လိုပါမယ်။ သြစတြေးလျဆိုရင် ၂၀၂၂ ခုနှစ်ထဲမှာ ရေပန်းအစားဆုံးဘာသာရပ်တွေက ဆေးပညာနဲ့ပတ်သက်တာတွေပိုများပါတယ်။ အနုပညာနဲ့ပတ်သက်ရင် တီထွင်ဖန်တီးမှုတွေကလည်း ဒီနှစ်ပိုင်းတွေမှာ တဖြည်းဖြည်းအားကောင်းလာတဲ့အတွက် ထူးထူးခြားခြား ၂၀၂၁ ခုနှစ်ရဲ့ထိပ်တန်းဘာသာရပ် (၁၀) ခုထဲမှာ Art & Design လည်းပါဝင်ခဲ့ပါတယ်။ Academic ချည်းပဲကောင်းရမယ်လို့ မရှိတော့ဘဲ creative ပိုင်းတွေကလည်း အဓိကကျလာတော့မယ်လို့ ယူဆရတာမို့ ဘာ ဘာသာရပ်ရွေးလို့ရွေးရမှန်းမသိသေးရင် ပြီးခဲ့တဲ့နှစ်က trendy ဖြစ်နေတဲ့ဘာသာရပ်တွေကို … Continue reading ၂၀၂၁ ခုနှစ်ကနာမည်ကြီးခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းဘာသာရပ် (၁၀) ခု

Engineering ပညာသင်ဆုလျှောက်ထားနိုင်တဲ့ နိုင်ငံတကာတက္ကသိုလ်ကြီးများ

Scholarship Announcements ကိုအများဆုံးလာမေးကြတဲ့မေးခွန်းတွေထဲမှာ engineering နဲ့ computer science ဘာသာရပ်တွေနဲ့ပတ်သက်တဲ့ နိုင်ငံတကာပညာသင်ဆုအစီအစဉ်တွေအကြောင်းက ထိပ်ဆုံး (၃) ခုထဲမှာရှိပါတယ်။ ဒါကြောင့် ဒီနေ့တော့ engineering နဲ့ပတ်သက်ပြီး နိုင်ငံတကာတက္ကသိုလ်တွေက ပေးနေတဲ့ partial scholarship ၊ full scholarship တွေအကြောင်း စုစည်းဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ အမျိုးသမီးသီးသန့် STEM ဘာသာရပ်ဆိုင်ရာပညာသင်ဆုများ ယူကေ British Council ကပေးတဲ့ ဒီပညာသင်ဆုအစီအစဉ်က နိုင်ငံတကာက အမျိုးသမီးများအတွက်သီးသန့်ထောက်ပံ့ပေးတဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး STEM ဘာသာရပ်တွေဖြစ်တဲ့ Biology ၊ Chemistry၊ Physics၊ Design and technology၊ Maths ၊ Information and communications technology (IT or ICT)၊ Computer … Continue reading Engineering ပညာသင်ဆုလျှောက်ထားနိုင်တဲ့ နိုင်ငံတကာတက္ကသိုလ်ကြီးများ

ကမ္ဘာ့အသေးဆုံးစာကြည့်တိုက်လေးများ

ကျွန်မစာကြည့်တိုက်အကြောင်းရေးရင်း ဘယ်နိုင်ငံကစာကြည့်တိုက်တွေက ဘယ်လောက်ခမ်းနားတာ၊ စာအုပ်ပေါင်း ဘယ်လောက်စုံတာ၊ အဆောက်အဦးကဘယ်လိုဖြစ်တာတွေပဲရေးနေလို့ စာကြည့်တိုက်တည်ထောင်ဖို့ဆို အကုန်အကျများပြီး ထိန်းသိမ်းရခက်မယ်လို့ မတွေးစေချင်ပါဘူး စာကြည့်တိုက်ဆိုတာ အသက်အရွယ်မရွေး လူသားတိုင်းအတွက် ဉာဏ်အသိပညာတွေ အများကြီးထည့်ထားတဲ့ရတနာသေတ္တာလေးလိုပါပဲ။ ဘယ်သူပဲလာဖွင့်ဖွင့် ဖွင့်တဲ့သူပဲရတနာတွေရမှာပါ။ သေတ္တာလေးကို အပြင်ပန်းကြည့်ပြီး အထဲမှာဘာရှိလဲပြောဖို့ခက်သလို စာကြည့်တိုက်လေး သေးသေးလေးဆိုပြီး အထင်သေးလို့လည်းမရပါဘူး။ ဒီသေးသေးလေးရဲ့အင်အားက ခန့်မှန်းလို့မရအောင်ကြီးနိုင်ပါတယ်။ ဟိုတလောက စက်ဘီးလေးနဲ့စာအုပ်ရောင်းတဲ့ညီမလေးတစ်ယောက်ကို တွေ့တော့ ကျွန်မတို့မှာလည်း ဒီလိုရတနာသေတ္တာလေးတွေများလာရင်ကောင်းမယ်လို့ တွေးမိခဲ့ပါတယ်။ စာဖတ်တဲ့ဓလေ့က ကျွန်မတို့လူငယ်တွေကြားထဲ တိုးလာလေလေ ဒီလိုရတနာသေတ္တာလေးတွေပိုများလာလေဖြစ်သလို၊ ဒီလိုရတနာသေတ္တာလေးတွေကို စိတ်ဝင်စားဖို့ကောင်းတဲ့သေတ္တာလေးတွေအဖြစ်ဖန်တီးပြီး စာဖတ်တဲ့သူတွေများလာအောင်လည်း ဆွဲဆောင်လို့ရပါတယ်။ ဒီအကြောင်းပြောရင် ပြောချင်တာကများလို့ပြီးမှာမဟုတ်တော့ လိုရင်းကိုပဲပြန်သွားမယ်နော်။ ကမ္ဘာပေါ်မှာ ခမ်းနားကြီးမားတဲ့ စာကြည့်တိုက်ကြီးတွေရှိသလို စာတိုက်ပုံးဆိုဒ်လောက်ပဲရှိတဲ့ အသေးဆုံးစာကြည့်တိုက်လေးတွေလည်းရှိခဲ့ပါတယ်။ ယူကေက တယ်လီဖုန်းရုံစာကြည့်တိုက်လေးများ ဥရောပနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေသွားရင် အများပြည်သူသွားလာနေတဲ့နေရာတွေမှာ စာအုပ်ဖတ်နေတဲ့သူတွေကို အမြဲတွေ့ရမှာပါ။ ဒီလိုစာသိပ်ဖတ်ကြတဲ့သူတွေက … Continue reading ကမ္ဘာ့အသေးဆုံးစာကြည့်တိုက်လေးများ

Business English ကို အခမဲ့လေ့လာလို့ရတဲ့နေရာများ

အလုပ်အင်တာဗျူးဖြေတဲ့အခါ တစ်ဖက်ကမေးလာတဲ့မေးခွန်းတွေကို ပါးပါးနပ်နပ်ဘယ်လိုဖြေမလဲ၊ ကိုယ့်ဆီကို email တစ်စောင်ရောက်လာရင် ဘယ်လိုစီလျော်အောင်ပြန်စာပို့မလဲ၊ ကိုယ်က email တစ်စောင်ပို့ရင်ရော အကြောင်းအရာစုံစုံလင်လင်နဲ့ formal style ဘယ်လိုရေးသားပြီးပို့ရမလဲဆိုတာတွေကို လေ့လာချင်တဲ့သူတွေအတွက် Business English ကိုအခမဲ့လေ့လာလို့ရတဲ့ website တချို့ကိုဖော်ပြပေးလိုက်ပါတယ်။ Learn English British Council လက်ရှိကိုယ်လုပ်နေတဲ့ လုပ်ငန်းခွင်ထဲက စကာလုံးအသုံးအနှုန်းတွေကစပြီး အလုပ်အင်တာဗျူးအထိ လိုအပ်တဲ့အကြောင်းအရာတွေအားလုံးကို သင်ကြားပေးနေတဲ့ British Council ရဲ့ Free Business English Lessons တွေကို အိမ်မှာတင်အခမဲ့လေ့လာလို့ရနေပါပြီ။ သူ့ရဲ့ website တစ်ခုတည်းမှာတင် Reading အတွက် magazine တွေဖတ်လို့ရသလို listening အတွက် upper-intermediate level ကစပြီး podcasts တွေ နားထောင်ရင်းသင်ယူလို့ရပါတယ်။ Business … Continue reading Business English ကို အခမဲ့လေ့လာလို့ရတဲ့နေရာများ

IELTS Test Date 2022 (YGN & MDY)

မြန်မာနိုင်ငံက IELTS ဖြေဆိုမယ့်သူတွေအတွက် ဒီနှစ်အတွက် Test date တွေကို ကြိုတင်သိထားလို့ရအောင် sharing လုပ်ပေးချင်ပါတယ်။ အဓိကကတော့ အရေးပေါ် test ဖြေရမယ့်သူတွေရှိရင် ရှာရလွယ်အောင်လို့ စုစည်းပေးချင်တာပါ။ IELTS exam fee ကတော့ academic အတွက် USD 229 ဖြစ်ပြီး UKVI အတွက်ဆိုရင် USD 254 ပါ။ စာမေးပွဲကို On paper နဲ့ဖြေလို့ရသလို computer နဲ့လည်း test center မှာသွားရောက်ဖြေဆိုလို့ရပါတယ်။ ကိုယ်ကအရေးပေါ်ဖြေရမယ်ဆိုရင် computer test နဲ့ဖြေစေချင်ပါတယ်။ သူက အနည်းဆုံး တစ်လမှာ (၃)-(၄) ရက်လောက်အထိ test date တွေရှိတာရယ်၊ result အတွက် (၃) ရက်ကနေ … Continue reading IELTS Test Date 2022 (YGN & MDY)

အသုံးဝင်ဆုံး အခမဲ့အွန်လိုင်းအဘိဓာန်များ

နားမလည်သေးတဲ့ဝေါဟာရတွေ တွေ့တဲ့အခါ အရေးပေါ်အားကိုးရတာကတော့ အဘိဓာန်တွေပါ။ ကျွန်မတို့ငယ်ငယ်ဆိုရင် အဘိဓာတ်စာအုပ်အထူကြီးတွေထဲ ကိုယ်သိချင်တဲ့စာလုံးကိုလိုက်ရှာပေရော့ပဲ။ ဟိုးအရင်ကအဘိဓာန်စာအုပ်အဟောင်းတွေဆိုရင် စာလုံးမဆုံတော့ update ဖြစ်တဲ့ အဘိဓာန်တွေ ပြန်ပြန်ဝယ်ရလို့ စာအုပ်စင်မှာတောင် အဘိဓာန်စာအုပ်က (၂) အုပ်၊ (၃) အုပ်ရှိနေတာပေါ့။ အခုနည်းပညာခေတ်ရောက်လာတော့ ဖုန်းတစ်လုံး၊ ကွန်ပျူတာတစ်လုံးရှိရုံနဲ့ သိချင်တာတွေချက်ချင်းသိလို့ရပါပြီ။ စာကြောင်းတွေကိုတောင် တိုက်ရိုက်ဘာသာပြန်လို့ရပြီဆိုတော့ ဘယ်လောက်အချိန်ကုန်သက်သာပြီး လွယ်ကူသွားလဲနော်။ ဒါကြောင့် ဒီနေ့တော့ ကျောင်းသား၊ ကျောင်းသူတွေ အင်္ဂလိပ်စာလေ့လာနေသူတွေကြားထဲမှာ လူသုံးများပြီး အသုံးဝင်တဲ့ အွန်လိုင်းအဘိဓာန် website တွေကို ရွေးချယ်ပြောပြသွားမှာပါ။ Collins Dictionary Collins English လေ့ကျင့်ခန်းစာအုပ်တွေနဲ့ လူငယ်တော်တော်များများ ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ အိတ်ဆောင်အဘိဓာန်စာအုပ်တွေနဲ့ရောပေါ့။ အခုကျွန်မပြောမယ့် Collins Dictionary က အွန်လိုင်းဝက်ဆိုက်ပါ။ သူ့ရဲ့အဘိဓာန်ဝက်ဆိုက်က အဘိဓာန်ကြည့်ဖို့အတွက်တင်မကဘဲ ဘာသာစကားအမျိုးမျိုးကနေ Translate … Continue reading အသုံးဝင်ဆုံး အခမဲ့အွန်လိုင်းအဘိဓာန်များ

IELTS/TOEFL အမှတ်မလိုဘဲ ကျောင်းလျှောက်လို့ရတဲ့ဂျာမန်တက္ကသိုလ်များ

ဥရောပတက္ကသိုလ်တွေထဲမှာ ဂျာမန်တက္ကသိုလ်တွေက အဆင့်မြင့်ပညာရေးနဲ့ပတ်သက်ရင် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေထဲမှာပါသလို နာမည်ကြီးတဲ့ဘာသာရပ်တွေလည်း များပါတယ်။ ဥပမာ ဆေးပညာ၊ စက်မှုအင်ဂျင်နီယာ၊ ဥပဒေ၊ စီးပွားရေး၊ သင်္ချာ ၊ Computer Science နဲ့ စိတ်ပညာ အစရှိတဲ့ဘာသာရပ်တွေနဲ့ပတ်သက်ရင် ဂျာမန်တက္ကသိုလ်တွေကတော်တော်လေးနာမည်ကြီးပါတယ်။ ဒီလိုနာမည်ကျော်ဘာသာရပ်တွေရော၊ ကျောင်းကောင်းတွေရောများတဲ့ ဂျာမန်တက္ကသိုလ်တွေကို ဝင်ခွင့်လျှောက်တဲ့အခါ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ဘာသာစကားကျွမ်းကျင်မှုပြစရာ လိုတဲ့တက္ကသိုလ်တွေရှိသလို၊ မလိုတဲ့တက္ကသိုလ်တွေလည်းအများကြီးရှိပါတယ်။ ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ IELTS/TOEFL လက်မှတ်မရှိထားဘဲ ဂျာမန်တက္ကသိုလ်တွေမှာ မာစတာနဲ့ ပါရဂူဘွဲ့လျှောက်ထားချင်တဲ့သူတွေကိုရည်ရွယ်ပြီး IELTS/TOEFL အမှတ်မလိုဘဲ ကျောင်းလျှောက်လို့ရတဲ့ ဂျာမန်တက္ကသိုလ်တွေအကြောင်းကို ပြောပြပေးမှာပါ။ ဒီတော့ IELTS/TOEFL လက်မှတ်ပြစရာမလိုရင် ဘာသာစကားအတွက်ဘယ်လက်မှတ်တွေပြဖို့ လိုလဲမေးစရာရှိမှာပါ။ ဂျာမန်တက္ကသိုလ်တွေက ကျောင်းလျှောက်တဲ့လျှောက်ထားသူကျောင်းသား၊ ကျောင်းသူရဲ့အင်္ဂလိပ်ဘာသာစကားအတွက် သီးသန့်လက်မှတ်မျိုးမဟုတ်ဘဲ ဘာသာစကားကျွမ်းကျင်မှုအထောက်အထားတစ်ခုခု ဒါမှမဟုတ် MOI (Medium of Instruction) … Continue reading IELTS/TOEFL အမှတ်မလိုဘဲ ကျောင်းလျှောက်လို့ရတဲ့ဂျာမန်တက္ကသိုလ်များ