Book of the Week_Deaf Republic by IIya Kaminsky

SA Library က စာအုပ်အညွှန်းတွေကြည့်ရင် နည်းနည်း heavy တွေပဲ များနေလို့ ဒီနေ့တော့ ကဗျာစာအုပ်ပဲရွေးလိုက်ပါတော့တယ်။ ကဗျာစာအုပ်ဆိုပေမယ့် အဲဒီထဲက ကဗျာတွေက ကျွန်မတို့ပြည်သူတွေ အခုခံစားနေရတဲ့အရာတွေနဲ့ ထပ်တူကျနေတော့ ကဗျာဖတ်ရင်း၊ မျက်ရည်ဝဲရင်းဖတ်ရမှာပါနော်။ ပျက်စီးနေတဲ့နိုင်ငံထဲက ပြည်သူတွေရဲ့ ဝမ်းနည်းဖွယ်ရာမြင်ကွင်းတွေ၊ ခံစားချက်တွေကိုကွက်ကွက်ကွင်းကွင်းမြင်အောင် ကဗျာကနေပုံဖော်ပေးလိုက်တဲ့သူက ကဗျာဆရာ Ilya Kaminsky ပါ။ သူ့ရဲ့ "Deaf Republic" ကဗျာစာအုပ်ကို ဆရာသူရိန်ဝင်းကနေ "နားမကြားနိုင်ငံတော်" အဖြစ်ဘာသာပြန်ထားပြီး ဒီနေ့တော့ဒီကဗျာစာအုပ်ထဲက ကဗျာတချို့ကို ထုတ်နှုတ်ဖော်ပြရင်း စာအညွှန်းရေးလိုက်ပါတယ်။ ရဲကပစ်လိုက်တဲ့ကောင်လေး ပလက်ဖောင်းမှာနာရီများစွာ လဲဆန့်နေတဲ့တိုင်းပြည်ဟာ ငါတို့တိုင်းပြည်။ ဟနေတဲ့ သူ့ပါးစပ်မှာတစ်တိုင်းပြည်လုံးရဲ့ အတိုင်းသားအဖြစ်ကိုငါတို့ မြင်ရတယ်။ ငါတို့ ကြည့်တယ်။ အခြားသူတွေ ကြည့်တာကြည့်တယ်။ ကောင်လေးတစ်ယောက်ရဲ့ ရုပ်ခန္ဓာအတိုင်း တစ်သဝေမတိမ်း ကောင်လေးရဲ့ရုပ်ခန္ဓာပလက်ဖောင်းမှာ လဲစင်းနေတယ် … Continue reading Book of the Week_Deaf Republic by IIya Kaminsky