ကနေဒါပညာရေးနဲ့ နိုင်ငံတကာပညာသင်ဆုများ

အမေရိကန်ရဲ့ culture ကိုသိပ်မကြိုက်ဘူး ဥရောပဘက်ကျတော့လည်းဘာသာစကားကြောင့် သိပ်အဆင်မပြေဘူးဆိုရင် ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်တွေရှိပြီး နေထိုင်မှုပုံစံလည်းအေးအေးဆေးဆေးဖြစ်တဲ့ ကနေဒါနိုင်ငံကို option တစ်မျိုးထားပြီး စဉ်းစားလို့ရပါတယ်။ ကနေဒါနိုင်ငံမှာ research-focused တက္ကသိုလ်တွေအများစုရှိကြတဲ့အတွက် ဘွဲ့တစ်ခုခုရှိထားပြီးသားသူတွေ Master ၊ PhD အတွက်ဆိုရင် ကနေဒါကိုလည်းထည့်စဉ်းစားသင့်ပါတယ်။ ကနေဒါတက္ကသိုလ်တိုင်းမှာ အင်္ဂလိပ်နဲ့ ပြင်သစ်ဘာသာစကားကို အဓိကသုံးကြပြီး တချို့တက္ကသိုလ်တွေဆိုရင် IELTS မလိုဘဲ တခြား English certificate တွေနဲ့လည်း ပညာသင်ဆုလျှောက်ထားလို့ရတဲ့တက္ကသိုလ်တွေရှိပါတယ်။ တက္ကသိုလ်ပေါ်မူတည်ပြီး language test ကိုပုံစံအမျိုးမျိုးနဲ့လက်ခံပေးပါတယ်။ ကျောင်းတက်ရင်း အသုံးစရိတ်ကာမိအောင် part-time သဘောမျိုးလုပ်ချင်တယ်ဆိုရင် ကျောင်းသားတစ်ယောက်အတွက် တစ်ပတ်ကို နာရီ (၂၀) အလုပ်လုပ်ခွင့်ပေးထားပါသေးတယ်။ semester ပြီးတဲ့အချိန်၊ ကျောင်းပိတ်ချိန်ဆိုရင် unlimited hour အလုပ်လုပ်လို့ရပါတယ်။ အဓိကကတော့ ကနေဒါနိုင်ငံမှာ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေအတွက် … Continue reading ကနေဒါပညာရေးနဲ့ နိုင်ငံတကာပညာသင်ဆုများ

Rotary Peace Center ရဲ့ငြိမ်းချမ်းရေးပညာသင်ဆု

တစ်နေ့က Scholarship Announcements page ကနေ Rotary Peace Fellowship အတွက် လျှောက်လွှာတွေစတင်လက်ခံနေပြီလို့ ကြေညာပေးခဲ့ပါတယ်။ အသေးစိတ်မပြောဖြစ်ဘဲ post ကိုဒီအတိုင်း share ပေးလိုက်တာမို့ ဒီနေ့တော့ Rotary Peace Fellowship အကြောင်းနည်းနည်းပြောပြပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒီ full scholarship ကမြန်မာနိုင်ငံကကျောင်းသားဟောင်းတွေ၊ လျှောက်ထားသူတွေနှစ်စဉ်ရှိတဲ့ ခိုင်မာတဲ့ပညာသင်ဆုအစီအစဉ်လည်းဖြစ်တယ်။ Rotary Peace Centers တွေက နိုင်ငံ(၅)နိုင်ငံမှာရှိပြီး ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးစိတ်ဝင်စားရင် ကိုယ့်ရဲ့ပညာအရည်အချင်းပေါ်မူတည်ပြီးတက်ရောက်လို့ရတဲ့ ပညာသင်ဆုအစီအစဉ်လည်းဖြစ်တာကြောင့် ပြောပြပေးဖို့ရွေးချယ်လိုက်တာပါ။ အွန်လိုင်းလျှောက်လွှာများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ဆုတွေကို လျှောက်ဖို့အတွက်ကတော့ အွန်လိုင်းကနေပဲ လျှောက်ထားရမှာပါ။ မေလ (၁၅) ရက်မတိုင်ခင်လျှောက်ထားရမှာပါ။ ပညာသင်ဆုလျှောက်ထားတဲ့အခါ resume ၊ ထောက်ခံစာ (Academic or Professional) ၊ … Continue reading Rotary Peace Center ရဲ့ငြိမ်းချမ်းရေးပညာသင်ဆု