ပညာသင်ဆုအကြောင်းတွေ သိပ်မတင်ဖြစ်တော့ပေမယ့် Short courses တက်လို့ရတဲ့ institution တွေရွေးချယ်စရာအများကြီးရှိတဲ့နိုင်ငံမို့ ဒီပညာသင်ဆုအကြောင်းတော့ အနည်းငယ်ပြောပြပေးချင်ပါတယ်။ ဒါကြောင့် ဒီနေ့တော့ နယ်သာလန်နိုင်ငံက တက္ကသိုလ်တွေ၊ သင်တန်းကျောင်းတွေမှာ Short courses နဲ့ မာစတာတန်း ဆက်လက်တက်ရောက်ဖို့ စီစဉ်ထားတဲ့ မြန်မာနိုင်ငံအပါအဝင်ဖွံ့ဖြိုးဆဲနိုင်ငံက လူငယ်တွေအတွက် ပညာသင်ထောက်ပံ့ကြေးပံ့ပိုးပေးနေတဲ့ Orange Knowledge Programme (OKP) အစီအစဉ်အကြောင်းလေး နည်းနည်း Sharing လုပ်ပါမယ်နော်။ ဒီပညာသင်ဆုအစီအစဉ်ကနေ ထောက်ပံ့ပေးနေတဲ့ ပညာသင်ဆုအမျိုးအစား (၂) ခုရှိပါတယ်။ Short courses (နှစ်ပတ်ကနေ ၁၂ လအတွင်း)ကိုထောက်ပံ့ပေးတဲ့ ပညာသင်ဆုတွေနဲ့ နယ်သာလန်နိုင်ငံမှာ သဘာဝပတ်ဝန်းကျင်၊ ဖွံ့ဖြိုးရေး၊ စီးပွားရေးစတဲ့ဘာသာရပ်တွေနဲ့ပတ်သက်ပြီး မာစတာဘွဲ့ (တစ်နှစ်မှ နှစ်နှစ်အတွင်းကြာ) တက်ရောက်ဖို့ စီစဉ်ထားသူတွေအတွက် ထောက်ပံ့ပေးတဲ့ ပညာသင်ဆုတွေဆိုပြီး အမျိုးအစားနှစ်ခုရှိပါတယ်။ နယ်သာလန်အစိုးရရဲ့ပညာသင်ဆုအများစုက … Continue reading နယ်သာလန်အစိုးရရဲ့ Orange Knowledge Programme ပညာသင်ဆုများ
ဖေဖော်ဝါရီမှာ လျှောက်လွှာပြန်ဖွင့်မယ့် သြစတြေးလျအစိုးရပညာသင်ဆု
မြန်မာနိုင်ငံအပါအဝင် အင်ဒိုပစိဖိတ်နိုင်ငံတော်တော်များများကနေ လျှောက်ထားနိုင်တဲ့ သြစတြေးလျ အစိုးရပညာသင်ဆု အစီအစဉ်က မကြာခင်မှာပဲ ၂၀၂၃ ခုနှစ်အတွက် လျှောက်လွှာတွေ စတင်လက်ခံပေးပါတော့မယ်။ ခါတိုင်းနှစ်တွေအတိုင်းဆိုရင်တော့ ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ မေလ (၃၁)ရက်နေ့အထိ လျှောက်လွှာများကို လက်ခံပေးမှာပါ။ Australia Awards Scholarships အတွက် ဘယ်သူတွေလျှောက်ထားနိုင်လဲဆိုရင် ဘွဲ့ကြိုနဲ့ ဘွဲ့လွန်သင်တန်း နှစ်မျိုးအတွက်လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားသူတွေထဲက ပညာသင်ဆုရခဲ့ရင် သြစတြေးလျအစိုးနဲ့ စာချုပ်ချုပ်ဆိုဖို့လိုပါတယ်။ ဒီစာချုပ်ထဲမှာ ပညာသင်ဆုပြီးတဲ့အချိန် အနည်းဆုံး နှစ်နှစ်အတွင်း နိုင်ငံကပြန်ထွက်ခွာရမယ့်အချက်နဲ့ ပညာသင်ဆုရတဲ့ကာလအတွင်းမှာ စာမေးပွဲကျရှုံးခဲ့ရင် ပညာသင်ဆုရထားတဲ့ပမာဏကို လျော်ကြေးပြန်ပေးရမယ်ဆိုတဲ့အချက်လည်း ပါပါလိမ့်မယ်။ Australia Awards Scholarships ပညာသင်ဆု ပညာသင်ဖို့လိုအပ်တဲ့အလုံးစုံနီးပါးကို သြစတြေးလျအစိုးရက ကုန်ကျခံပေးမှာဖြစ်လို့ ကျောင်းလခ၊ လေယာဉ်အသွားအပြန်စရိတ်၊ ကျောင်းသုံးကုန်ကျစရိတ်၊ နေထိုင်စရိတ်၊ IAP ကုန်ကျစရိတ်၊ ကျန်းမာရေးစရိတ်၊ … Continue reading ဖေဖော်ဝါရီမှာ လျှောက်လွှာပြန်ဖွင့်မယ့် သြစတြေးလျအစိုးရပညာသင်ဆု