မြောက်ကိုရီးယားမှ လွတ်မြောက်ခြင်း_My Escape from North Korea

Hyeonseo Lee က မြောက်ကိုရီးယားမှာမွေးဖွားကြီးပြင်းခဲ့တဲ့သာမန်မိန်းကလေးတစ်ယောက်ပါ။ အရင်ကတော့ သူနေခဲ့တဲ့နိုင်ငံကြီးက ကမ္ဘာပေါ်မှာအကောင်းဆုံးနိုင်ငံတစ်နိုင်ငံလို့ထင်ခဲ့ပေမယ့် ၁၉၉၀ ခုနှစ်ဝန်းကျင် တစ်နိုင်ငံလုံးအငတ်ဘေးနဲ့ကြုံတွေ့ချိန်မှာ မြောက်ကိုရီးယားကနေ တစ်ယောက်တည်းထွက်ပြေးခဲ့ရပါတယ်။ မိသားစုမပါဘဲတစ်ယောက်တည်း မြောက်ကိုရီးယားကနေထွက်ပြေးပြီး တရုတ်နိုင်ငံမှာဒုက္ခသည်အနေနဲ့ပုန်းနေခဲ့ရပါတယ်။ အခက်အခဲတွေကြားက သူကြုံတွေ့ခဲ့ရတဲ့အန္တရာယ်တွေကို ဘယ်လိုကျော်ဖြတ်ခဲ့ရလဲ၊ မိသားစုနဲ့ပြန်တွေ့ခွင့်ရောရခဲ့လား၊ ပြင်ပကမ္ဘာမှာဆက်လက်ရှင်သန်ဖို့ ကိုယ့်သရုပ်မှန်ကိုဘယ်လိုဖုံးကွယ်နေခဲ့ရလဲဆိုတာ TED Talk မှာ ပြောကြားထားတဲ့ဗီဒီယိုဖိုင်ကို Scholarship Announcements ကဘာသာပြန်ဆိုဖော်ပြခြင်းဖြစ်ပါတယ်။ ကျွန်မကလေးတုန်းက ကျွန်မတို့နိုင်ငံကြီးကလေ ကမ္ဘာပေါ်မှာအကောင်းဆုံးလို့ထင်ခဲ့တာ။ ငယ်ငယ်လေးတည်းက “မနာလိုစရာမရှိ_Nothing To Envy” *** သီချင်းဆိုပြီး ကြီးပြင်းခဲ့ရတာပါ။ သီချင်းထဲကအတိုင်း ကျွန်မကိုယ်ကျွန်မလည်း အရမ်းဂုဏ်ယူမိခဲ့တာပေါ့။ ကျောင်းမှာ Kim II Sung ရဲ့ရာဇဝင်သမိုင်းတွေကိုပဲသင်ရင်း ကြီးပျင်းလာခဲ့တာဆိုတော့ ပြင်ပကမ္ဘာကအကြောင်းတွေ ဘာမှမသင်ခဲ့ရဖူးပါဘူး။ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်တွေက ကျွန်မတို့ရန်သူေတွ အဖြစ် သင်ခဲ့ရတယ်။ … Continue reading မြောက်ကိုရီးယားမှ လွတ်မြောက်ခြင်း_My Escape from North Korea