ပညာသင်ဆုအကြောင်းတွေ သိပ်မတင်ဖြစ်တော့ပေမယ့် Short courses တက်လို့ရတဲ့ institution တွေရွေးချယ်စရာအများကြီးရှိတဲ့နိုင်ငံမို့ ဒီပညာသင်ဆုအကြောင်းတော့ အနည်းငယ်ပြောပြပေးချင်ပါတယ်။ ဒါကြောင့် ဒီနေ့တော့ နယ်သာလန်နိုင်ငံက တက္ကသိုလ်တွေ၊ သင်တန်းကျောင်းတွေမှာ Short courses နဲ့ မာစတာတန်း ဆက်လက်တက်ရောက်ဖို့ စီစဉ်ထားတဲ့ မြန်မာနိုင်ငံအပါအဝင်ဖွံ့ဖြိုးဆဲနိုင်ငံက လူငယ်တွေအတွက် ပညာသင်ထောက်ပံ့ကြေးပံ့ပိုးပေးနေတဲ့ Orange Knowledge Programme (OKP) အစီအစဉ်အကြောင်းလေး နည်းနည်း Sharing လုပ်ပါမယ်နော်။ ဒီပညာသင်ဆုအစီအစဉ်ကနေ ထောက်ပံ့ပေးနေတဲ့ ပညာသင်ဆုအမျိုးအစား (၂) ခုရှိပါတယ်။ Short courses (နှစ်ပတ်ကနေ ၁၂ လအတွင်း)ကိုထောက်ပံ့ပေးတဲ့ ပညာသင်ဆုတွေနဲ့ နယ်သာလန်နိုင်ငံမှာ သဘာဝပတ်ဝန်းကျင်၊ ဖွံ့ဖြိုးရေး၊ စီးပွားရေးစတဲ့ဘာသာရပ်တွေနဲ့ပတ်သက်ပြီး မာစတာဘွဲ့ (တစ်နှစ်မှ နှစ်နှစ်အတွင်းကြာ) တက်ရောက်ဖို့ စီစဉ်ထားသူတွေအတွက် ထောက်ပံ့ပေးတဲ့ ပညာသင်ဆုတွေဆိုပြီး အမျိုးအစားနှစ်ခုရှိပါတယ်။ နယ်သာလန်အစိုးရရဲ့ပညာသင်ဆုအများစုက … Continue reading နယ်သာလန်အစိုးရရဲ့ Orange Knowledge Programme ပညာသင်ဆုများ