မြန်မာနိုင်ငံကလူငယ်အများစုကြားမှာ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ သြစတြေးလျ ၊ ယူအက်စ် ၊ ယူကေ စတဲ့နိုင်ငံတွေကို အဆင့်မြင့်ပညာရေးအတွက် ရွေးချယ်ကြတာတွေ့ရပြီး ဥရောပဘက်ကိုတော့ ရွေးချယ်တဲ့သူ သိသိသာသာနည်းတာတွေ့ရပါတယ်။ အဓိကက ပညာရေးဝန်ဆောင်မှုတွေအများစုကြောင့်ပါသလို ဥရောပနိုင်ငံတချို့မှာသင်ကြားမယ်ဆိုရင် ဘာသာစကား၊ ကုန်ကျစရိတ်စတာတွေကို စိတ်ပူတာလည်း ပါမယ်လို့ ထင်ပါတယ်။ တကယ်တမ်း ကုန်ကျစရိတ်နဲ့ယှဉ်ရင် ဥရောပနိုင်ငံတွေမှာ ကျောင်းစရိတ်က အခြားနိုင်ငံကြီးတွေနဲ့စာရင် သိသိသာသာနည်းသလို ထူးချွန်မှုနဲ့ နိုင်ငံအလိုက်လည်း ပညာသင်ထောက်ပံ့ကြေးတွေ ပိုရနိုင်ချေရှိပါတယ်။ တကယ်လို့ ဂျာမနီ၊ ပိုလန် တို့လိုဘာသာစကားတွေ ကျွမ်းကျင်ရင် ပိုလို့တောင်အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်။ ချဲ့ရင်ချဲ့သလောက် ပြောစရာတွေအများကြီးဆိုတော့ အခုတစ်ပတ်အတွက်ပြောမယ့် အကြောင်းအရာလေးကိုပဲ ဆက်သွားရအောင်။ ဒီတစ်ခေါက် ကျွန်မပြောပြပေးမယ့် ဥရောပ ပညာရေးအကြောင်းကတော့ ကျောင်းလခအပိုင်းပဲဖြစ်ပါတယ်။ ကျောင်းလခအပိုင်းပဲဖြစ်တဲ့အတွက် နေစရိတ်၊ အာမခံ၊ … Continue reading ဥရောပနိုင်ငံများရဲ့ တက္ကသိုလ်ကျောင်းလခများ