Studying in the Middle East is an exciting opportunity that can open new doors and unlock your potential. From its rich culture to its world-renowned universities, the Middle East is a great place to expand your knowledge and further your education. With the right research and preparation, you can find the perfect scholarship to help … Continue reading Unlock Your Potential: Exploring Middle East Education Scholarships
The next level – Singapore Universities
You can’t deny ASEAN education is growing moderately with their best technology, innovation and research - two Singapore universities are the top-tier ranking among the Asia University Rankings for a decade. After researching the performance indicators for Asian universities, two China State universities-Tsinghua University and Peking University and two Singapore universities-NUS and Nanyang Technological University … Continue reading The next level – Singapore Universities
Chevening Scholarship လျှောက်လွှာတွေ လာမယ့်သြဂုတ် (၂) ရက်နေ့မှာ ပြန်လက်ခံပြီ
ဗြိတိန်အစိုးရက လာမယ့်နှစ်အတွက် Chevening Scholarship လျှောက်လွှာတွေကို သြဂုတ်လ (၂) ရက်နေ့မှာ စတင်လက်ခံပါတော့မယ်။ အစိုးရပညာသင်ဆုဖြစ်တဲ့အတွက် ပညာသင်ဆုရရှိတဲ့သူတွေက လေယာဉ်စရိတ်၊ ကျောင်းစရိတ်၊ အာမခံကြေး၊ နေထိုင်စရိတ်အားလုံး အကျိုးခံစားခွင့်ရှိမှာပါ။ ဒီပညာသင်ဆုက လူငယ်၊ လူလတ်ပိုင်းထဲက သက်ဆိုင်ရာနယ်ပယ်မှာကျွမ်းကျင်ဦးဆောင်နေတဲ့ လူငယ်ခေါင်းဆောင်တွေအတွက် ထောက်ပံ့တဲ့အစီအစဉ်ဖြစ်ပါတယ်။ လုပ်ငန်းအတွေ့အကြုံ၊ လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ဦးဆောင်နိုင်မှုစွမ်းရည်မြင့်မားမှသာ အဆင်ပြေနိုင်မယ့် ပညာသင်ဆုတစ်ခုဖြစ်ပါတယ်။ Chevening scholarship က Postgraduate program(Master Program) အတွက် လက်ခံပေးတဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံကလည်း နှစ်စဉ်ပညာသင်ဆုရရှိတဲ့သူတွေ ရှိပါတယ်။ ၂၀၂၂-၂၀၂၃ အတွက်ကတော့ လျှောက်လွှာပိတ်သွားပါပြီ။ ၂၀၂၃-၂၀၂၄ အတွက်ကိုတော့ ဒီလာမယ့် သြဂုတ်လ (၂) ရက်ကနေ နိုဝင်ဘာလ (၁) ရက်နေ့အထိ လက်ခံသွားမှာပါ။အသေးစိတ်ကို သက်ဆိုင်ရာဝက်ဆိုက်ကနေ ဆက်လက်ဖတ်ရှု့နိုင်ပါပြီ။ Website: … Continue reading Chevening Scholarship လျှောက်လွှာတွေ လာမယ့်သြဂုတ် (၂) ရက်နေ့မှာ ပြန်လက်ခံပြီ
ကနေဒါပညာရေးနဲ့ နိုင်ငံတကာပညာသင်ဆုများ
အမေရိကန်ရဲ့ culture ကိုသိပ်မကြိုက်ဘူး ဥရောပဘက်ကျတော့လည်းဘာသာစကားကြောင့် သိပ်အဆင်မပြေဘူးဆိုရင် ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်တွေရှိပြီး နေထိုင်မှုပုံစံလည်းအေးအေးဆေးဆေးဖြစ်တဲ့ ကနေဒါနိုင်ငံကို option တစ်မျိုးထားပြီး စဉ်းစားလို့ရပါတယ်။ ကနေဒါနိုင်ငံမှာ research-focused တက္ကသိုလ်တွေအများစုရှိကြတဲ့အတွက် ဘွဲ့တစ်ခုခုရှိထားပြီးသားသူတွေ Master ၊ PhD အတွက်ဆိုရင် ကနေဒါကိုလည်းထည့်စဉ်းစားသင့်ပါတယ်။ ကနေဒါတက္ကသိုလ်တိုင်းမှာ အင်္ဂလိပ်နဲ့ ပြင်သစ်ဘာသာစကားကို အဓိကသုံးကြပြီး တချို့တက္ကသိုလ်တွေဆိုရင် IELTS မလိုဘဲ တခြား English certificate တွေနဲ့လည်း ပညာသင်ဆုလျှောက်ထားလို့ရတဲ့တက္ကသိုလ်တွေရှိပါတယ်။ တက္ကသိုလ်ပေါ်မူတည်ပြီး language test ကိုပုံစံအမျိုးမျိုးနဲ့လက်ခံပေးပါတယ်။ ကျောင်းတက်ရင်း အသုံးစရိတ်ကာမိအောင် part-time သဘောမျိုးလုပ်ချင်တယ်ဆိုရင် ကျောင်းသားတစ်ယောက်အတွက် တစ်ပတ်ကို နာရီ (၂၀) အလုပ်လုပ်ခွင့်ပေးထားပါသေးတယ်။ semester ပြီးတဲ့အချိန်၊ ကျောင်းပိတ်ချိန်ဆိုရင် unlimited hour အလုပ်လုပ်လို့ရပါတယ်။ အဓိကကတော့ ကနေဒါနိုင်ငံမှာ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေအတွက် … Continue reading ကနေဒါပညာရေးနဲ့ နိုင်ငံတကာပညာသင်ဆုများ
စင်ကာပူ LASALLE College ရဲ့ Art & Design Scholarship များ
အနုပညာ၊ ဒီဇိုင်းဘာသာရပ်တွေနဲ့ပတ်သက်ရင် အာရှမှာ LASALLE ကိုမသိတဲ့သူတော့ မရှိဘူးထင်ပါတယ်။ LASALLE College က Non-profit ပုဂ္ဂလိကပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီးတော့ သူ့ရဲ့ degree ပရိုဂရမ်တွေက University of London ကတိုက်ရိုက်အသိအမှတ်ပြုပရိုဂရမ်တွေဖြစ်ပြီး ကမ္ဘာ့အဆင့် အနုပညာတက္ကသိုလ်သတ်မှတ်ချက်မှာဆိုရင် အဆင့် ၁၅၁~၂၀၀ အတွင်းမှာရှိတဲ့ နိုင်ငံတကာကောလိပ်တစ်ခုပါ။ LASALLE College မှာ ဘာတွေအထူးပြုသင်လို့ရလဲဆိုရင် Fine arts၊ Design communication၊ Interior design၊ Product design၊ Film၊ Animation၊ Fashion၊ Dance၊ Music ၊ Theatre၊ Arts management၊ Arts pedagogy and practice၊ Art therapy၊ Asian art histories နဲ့ … Continue reading စင်ကာပူ LASALLE College ရဲ့ Art & Design Scholarship များ
၂၀၂၁ ခုနှစ်ကနာမည်ကြီးခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းဘာသာရပ် (၁၀) ခု
နိုင်ငံခြားမှာကျောင်းတက်ပြီး အလုပ်လုပ်ဖို့ရည်ရွယ်ထားပေမယ့် ကိုယ်ဝါသနာပါတဲ့ဘာသာရပ်တွေက အလုပ်အကိုင်အတွက်အဆင်ပြေနိုင်ပါ့မလား စိတ်ပူနေရတာလည်းရှိတတ်ပါတယ်။ နှစ်စဉ် နှစ်တိုင်း နိုင်ငံတကာ တက္ကသိုလ်တွေမှာတက်ရောက်ကြတဲ့ကျောင်းသား၊ ကျောင်းသူတွေထဲမှာ စိတ်ဝင်စားမှုများတဲ့ ဘာသာရပ်တွေကြည့်ရင် Medicine နဲ့ Engineering တင်မကပါဘူး။ နည်းပညာနဲ့ကမ္ဘာကြီးအတွက် Computer science ဘာသာရပ်တွေကလည်း လူတွေကြားမှာရေပန်းစားမြဲစားနေတုန်းပါ။ အဓိကကတော့ နိုင်ငံပေါ်မူတည်ပြီး ဘယ်ဘာသာရပ်တွေရွေးချယ်ရမလဲ စဉ်းစားဖို့တော့လိုပါမယ်။ သြစတြေးလျဆိုရင် ၂၀၂၂ ခုနှစ်ထဲမှာ ရေပန်းအစားဆုံးဘာသာရပ်တွေက ဆေးပညာနဲ့ပတ်သက်တာတွေပိုများပါတယ်။ အနုပညာနဲ့ပတ်သက်ရင် တီထွင်ဖန်တီးမှုတွေကလည်း ဒီနှစ်ပိုင်းတွေမှာ တဖြည်းဖြည်းအားကောင်းလာတဲ့အတွက် ထူးထူးခြားခြား ၂၀၂၁ ခုနှစ်ရဲ့ထိပ်တန်းဘာသာရပ် (၁၀) ခုထဲမှာ Art & Design လည်းပါဝင်ခဲ့ပါတယ်။ Academic ချည်းပဲကောင်းရမယ်လို့ မရှိတော့ဘဲ creative ပိုင်းတွေကလည်း အဓိကကျလာတော့မယ်လို့ ယူဆရတာမို့ ဘာ ဘာသာရပ်ရွေးလို့ရွေးရမှန်းမသိသေးရင် ပြီးခဲ့တဲ့နှစ်က trendy ဖြစ်နေတဲ့ဘာသာရပ်တွေကို … Continue reading ၂၀၂၁ ခုနှစ်ကနာမည်ကြီးခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းဘာသာရပ် (၁၀) ခု
Engineering ပညာသင်ဆုလျှောက်ထားနိုင်တဲ့ နိုင်ငံတကာတက္ကသိုလ်ကြီးများ
Scholarship Announcements ကိုအများဆုံးလာမေးကြတဲ့မေးခွန်းတွေထဲမှာ engineering နဲ့ computer science ဘာသာရပ်တွေနဲ့ပတ်သက်တဲ့ နိုင်ငံတကာပညာသင်ဆုအစီအစဉ်တွေအကြောင်းက ထိပ်ဆုံး (၃) ခုထဲမှာရှိပါတယ်။ ဒါကြောင့် ဒီနေ့တော့ engineering နဲ့ပတ်သက်ပြီး နိုင်ငံတကာတက္ကသိုလ်တွေက ပေးနေတဲ့ partial scholarship ၊ full scholarship တွေအကြောင်း စုစည်းဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ အမျိုးသမီးသီးသန့် STEM ဘာသာရပ်ဆိုင်ရာပညာသင်ဆုများ ယူကေ British Council ကပေးတဲ့ ဒီပညာသင်ဆုအစီအစဉ်က နိုင်ငံတကာက အမျိုးသမီးများအတွက်သီးသန့်ထောက်ပံ့ပေးတဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး STEM ဘာသာရပ်တွေဖြစ်တဲ့ Biology ၊ Chemistry၊ Physics၊ Design and technology၊ Maths ၊ Information and communications technology (IT or ICT)၊ Computer … Continue reading Engineering ပညာသင်ဆုလျှောက်ထားနိုင်တဲ့ နိုင်ငံတကာတက္ကသိုလ်ကြီးများ
IELTS/TOEFL အမှတ်မလိုဘဲ ကျောင်းလျှောက်လို့ရတဲ့ဂျာမန်တက္ကသိုလ်များ
ဥရောပတက္ကသိုလ်တွေထဲမှာ ဂျာမန်တက္ကသိုလ်တွေက အဆင့်မြင့်ပညာရေးနဲ့ပတ်သက်ရင် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေထဲမှာပါသလို နာမည်ကြီးတဲ့ဘာသာရပ်တွေလည်း များပါတယ်။ ဥပမာ ဆေးပညာ၊ စက်မှုအင်ဂျင်နီယာ၊ ဥပဒေ၊ စီးပွားရေး၊ သင်္ချာ ၊ Computer Science နဲ့ စိတ်ပညာ အစရှိတဲ့ဘာသာရပ်တွေနဲ့ပတ်သက်ရင် ဂျာမန်တက္ကသိုလ်တွေကတော်တော်လေးနာမည်ကြီးပါတယ်။ ဒီလိုနာမည်ကျော်ဘာသာရပ်တွေရော၊ ကျောင်းကောင်းတွေရောများတဲ့ ဂျာမန်တက္ကသိုလ်တွေကို ဝင်ခွင့်လျှောက်တဲ့အခါ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ဘာသာစကားကျွမ်းကျင်မှုပြစရာ လိုတဲ့တက္ကသိုလ်တွေရှိသလို၊ မလိုတဲ့တက္ကသိုလ်တွေလည်းအများကြီးရှိပါတယ်။ ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ IELTS/TOEFL လက်မှတ်မရှိထားဘဲ ဂျာမန်တက္ကသိုလ်တွေမှာ မာစတာနဲ့ ပါရဂူဘွဲ့လျှောက်ထားချင်တဲ့သူတွေကိုရည်ရွယ်ပြီး IELTS/TOEFL အမှတ်မလိုဘဲ ကျောင်းလျှောက်လို့ရတဲ့ ဂျာမန်တက္ကသိုလ်တွေအကြောင်းကို ပြောပြပေးမှာပါ။ ဒီတော့ IELTS/TOEFL လက်မှတ်ပြစရာမလိုရင် ဘာသာစကားအတွက်ဘယ်လက်မှတ်တွေပြဖို့ လိုလဲမေးစရာရှိမှာပါ။ ဂျာမန်တက္ကသိုလ်တွေက ကျောင်းလျှောက်တဲ့လျှောက်ထားသူကျောင်းသား၊ ကျောင်းသူရဲ့အင်္ဂလိပ်ဘာသာစကားအတွက် သီးသန့်လက်မှတ်မျိုးမဟုတ်ဘဲ ဘာသာစကားကျွမ်းကျင်မှုအထောက်အထားတစ်ခုခု ဒါမှမဟုတ် MOI (Medium of Instruction) … Continue reading IELTS/TOEFL အမှတ်မလိုဘဲ ကျောင်းလျှောက်လို့ရတဲ့ဂျာမန်တက္ကသိုလ်များ