IELTS စာမေးပွဲဖြေဖို့ self-learning လုပ်မယ့်သူတွေအတွက် မဖြစ်မနေ enroll လုပ်ထားသင့်တဲ့ Free အွန်လိုင်းသင်တန်းပါ။ Free တက်မှာဖြစ်တဲ့အတွက် တချို့သင်ခန်းစာတွေကိုတော့ ပါဝင်ခွင့်မပေးထားပါဘူး။ ဒါပေမဲ့ University of Queensland ကပါမောက္ခတွေရဲ့ lesson တွေက IELTS ကိုအခုမှ စလုံးရေစ ဖြေဆိုဖို့ပြင်ဆင်နေတဲ့သူတွေအတွက် အကျိုးကျေးဇူးတွေ အများကြီးရမှာပါ။

Advertisements

ကိုယ်တိုင်လည်း ၁ လခွဲလောက်တက်ခဲ့ရတဲ့ သင်တန်းဖြစ်လို့ ဒီသင်တန်းဘယ်လောက်ကောင်းလဲ သိတဲ့အတွက် ပြန်ညွှန်းပေးတာပါ။ တစ်ပတ်ကို (၃) ရက်အချိန်ပေးပြီး တက်ကြည့်ပါ။ ပြီးရင် Scholarship Announcements က တင်ပေးတဲ့ IELTS Free Practice Test တွေ ဖြေပြီး တိုးတက်နှုန်းရှိလား၊ မရှိလား စစ်ဆေးကြည့်လို့ရပါတယ်။ Listening Test နဲ့ပတ်သက်ပြီး Practice တွေနဲ့ရှင်းပြသွားတာ တော်တော်ရှင်းလင်းပါတယ်။ Speaking Test နဲ့ Listening Test မှာ အမှတ်ဘယ်လိုယူမလဲဆိုတာ လေ့လာကြည့်စေချင်ပါတယ်။

ပြည်ပမှာကျောင်းသွားတက်ဖို့အတွက် အင်္ဂလိပ်စာအရည်အချင်းစာမေးပွဲတွေကို မဖြစ်မနေကြုံရမှာပါ။ IELTS က ကျောင်းသွားတက်ဖို့မဟုတ်ရင်တောင် နေ့စဉ်ဘဝမှာလိုအပ်တဲ့ဘာသာစကားတစ်ခုကို လေ့လာနေတယ်လို့ သဘောထားပြီး အမြဲလေ့လာနေလို့လည်းရပါတယ်။

Choose your session: Starts January 15, end March 1 or Starts February 8

Register link: IELTS Academic Test Preparation

University of Queensland, Australia.
Advertisements

4 thoughts on “University of Queensland ရဲ့အခမဲ့ IELTS သင်တန်း

    1. ပထမဆုံး စာထဲမှာပေးထားတဲ့ Register link ထဲဝင်ပါ။ ပြီးရင် edX မှာ gmail နဲ့ account ဖွင့်ပေးပါ။ အကောင့်ရရင် အခု register link ထဲက သင်တန်းမှာ enroll လုပ်ရုံနဲ့ free သင်လို့ရပါပြီရှင့်

      Like

    1. ဟုတ်ကဲ့ Enroll link ပေးထားပါတယ်။ link ထဲဝင်ပြီး edx account ကို register လုပ်ပါ။ ပြီးရင် enroll လုပ်ရုံနဲ့ စသင်လို့ရပါပြီ

      Like

Leave a reply to April Aye Ko Cancel reply