ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးတစ်ခုဖြစ်တဲ့ ဟားဗက်တက္ကသိုလ်က ပါမောက္ခတွေရဲ့ Lectures တွေကို အခမဲ့တက်ရောက်နားထောင်ခွင့်ရမယ့် သင်တန်းတွေရှိတာ သင်သိပါသလား?

ဘာသာရပ်မျိုးစုံနဲ့ သင်တန်းအမျိုးပေါင်းများစွာထဲက ကိုယ့်စိတ်ကြိုက်ဘာသာရပ်ကို ရွေးချယ်တက်ရောက်လို့ရတယ်ဆိုတာရော သိပါသလား?

Advertisements

ဟားဗက်တက္ကသိုလ်နဲ့ edX တို့ပူးပေါင်းပြီး နိုင်ငံတကာက လူငယ်များ၊ ကျောင်းသား ကျောင်းသူများအတွက် သမိုင်း၊ သင်္ချာ၊ သိပ္ပံ၊ နိုင်ငံရေးသိပ္ပံ၊ ကွန်ပျူတာ၊ အနုပညာ စတဲ့ဘာသာရပ်တွေနဲ့ပတ်သက်ပြီး Free courses တွေကို ဖွင့်လှစ်ပေးနေတာ ကြာပါပြီ။ edX မှာ register လုပ်ပြီး Account ဖွင့်ထားရုံနဲ့ ဟားဗက်တက္ကသိုလ်အပါအဝင် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ကြီးများစွာရဲ့ အခမဲ့အွန်လိုင်းသင်တန်းတွေကို အိမ်မှာနေရင်း လေ့လာနိုင်ပါတယ်။

ပညာအရည်အချင်း၊ ကျား မခွဲခြားမှုမရှိဘဲ လူတိုင်းအခမဲ့နားထောင်ခွင့်၊ လေ့လာသင်ကြားခွင့်ရတဲ့ သင်တန်းများဖြစ်တဲ့အတွက် ကိုယ့်အတွက်အသုံးဝင်မယ့်ဘာသာရပ်မျိုး၊ ကိုယ်စိတ်ဝင်စားနေတဲ့ ဘာသာရပ်မျိုးတွေ့ရင် Enroll လုပ်ပြီး တက်ကြည့်စေချင်ပါတယ်။ Courses ပေါင်း (၁၀၀) ကျော်တောင်ရှိတာမို့ ရွေးချယ်စရာတွေ အများကြီးပါ။

Advertisements

Verified Certificate နဲ့တက်မယ်ဆိုရင်တော့ သင်တန်းကြေး ကုန်ကျစရိတ်ရှိပါတယ်။ သင်တန်းကြေးပေးထားရင် Discussion တွေမှာပါဝင်ခွင့်ရမယ်။ Activities တွေမှာပါဝင်ပေးရမယ်။ Assignment နဲ့ Exam တွေလည်း ရှိပါလိမ့်မယ်။ ဒါပေမဲ့ Course အားလုံးတက်ပြီးသွားရင်တော့ ဟားဗက်တက္ကသိုလ်ရဲ့အသိအမှတ်ပြုထားတဲ့ Certificate ပါရမှာပါ။ သင်တန်းကြေးတွေကတော့ အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၇၀ ဝန်းကျင်ကုန်ကျပါလိမ့်မယ်။

ဘာသာရပ် ရွေးချယ်ရန် >>> HarvardX, Free online courses from Harvard University

edX Account ဖွင့်ရန် >>> click here

Advertisements

One thought on “ကမ္ဘာ့ထိပ်တန်း ဟားဗက်တက္ကသိုလ်ရဲ့အခမဲ့သင်တန်းများ

Leave a comment