
ဆီးရီးယားကကြောက်မက်ဖွယ်ကောင်းတဲ့ပြည်တွင်းစစ်ပွဲတွေကြောင့် Aleppo မြို့မှာမိသားစုနဲ့အတူပိတ်မိနေခဲ့ရာကနေ နောက်ဆုံးမှာ တူရကီကိုထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့တဲ့ ကလေးငယ်တစ်ဦးက စစ်ပွဲတွေကြားက သူ့ရဲ့ဘဝအကြောင်းကိုရေးသားထားတဲ့ စာအုပ်လေးတစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စာအုပ်နာမည်က Dear World တဲ့။ Bana Alabed ဆိုတဲ့ကလေးငယ်လေးက တစ်ကမ္ဘာလုံးကစစ်ပွဲကြောင့်ထိခိုက်နစ်နာခဲ့ရတဲ့ ကလေးငယ်တွေကိုယ်စား Twitter ကနေ အားပေးလှုံ့ဆော်တဲ့ အာဂကလေးမလေးပေါ့။ သူ့ရဲ့ဘဝအကြောင်းကို သူကိုယ်တိုင်ရေးသားဖော်ပြခဲ့တဲ့စာအုပ်ဖြစ်တာမို့ အတုယူစရာကောင်းပြီး စိတ်ဝင်စားဖို့လည်းကောင်းတာကြောင့် Book of the Week အတွက်ရွေးချယ်ပေးလိုက်ပါတယ်။
I wanted to write on Twitter every day to tell people how bad it was in Aleppo and to tell them when I was scared, which was a lot. But it was also fun to tell the world about nice things too, like when I lost my teeth.
Bana Alabed
I dedicate my book to every child suffering in a war. You are not alone.
Bana Alabed, The writer of ‘Dear World’
စာမြည်း: Dear World