Business English ကို အခမဲ့လေ့လာလို့ရတဲ့နေရာများ

အလုပ်အင်တာဗျူးဖြေတဲ့အခါ တစ်ဖက်ကမေးလာတဲ့မေးခွန်းတွေကို ပါးပါးနပ်နပ်ဘယ်လိုဖြေမလဲ၊ ကိုယ့်ဆီကို email တစ်စောင်ရောက်လာရင် ဘယ်လိုစီလျော်အောင်ပြန်စာပို့မလဲ၊ ကိုယ်က email တစ်စောင်ပို့ရင်ရော အကြောင်းအရာစုံစုံလင်လင်နဲ့ formal style ဘယ်လိုရေးသားပြီးပို့ရမလဲဆိုတာတွေကို လေ့လာချင်တဲ့သူတွေအတွက် Business English ကိုအခမဲ့လေ့လာလို့ရတဲ့ website တချို့ကိုဖော်ပြပေးလိုက်ပါတယ်။ Learn English British Council လက်ရှိကိုယ်လုပ်နေတဲ့ လုပ်ငန်းခွင်ထဲက စကာလုံးအသုံးအနှုန်းတွေကစပြီး အလုပ်အင်တာဗျူးအထိ လိုအပ်တဲ့အကြောင်းအရာတွေအားလုံးကို သင်ကြားပေးနေတဲ့ British Council ရဲ့ Free Business English Lessons တွေကို အိမ်မှာတင်အခမဲ့လေ့လာလို့ရနေပါပြီ။ သူ့ရဲ့ website တစ်ခုတည်းမှာတင် Reading အတွက် magazine တွေဖတ်လို့ရသလို listening အတွက် upper-intermediate level ကစပြီး podcasts တွေ နားထောင်ရင်းသင်ယူလို့ရပါတယ်။ Business … Continue reading Business English ကို အခမဲ့လေ့လာလို့ရတဲ့နေရာများ

အသုံးဝင်ဆုံး အခမဲ့အွန်လိုင်းအဘိဓာန်များ

နားမလည်သေးတဲ့ဝေါဟာရတွေ တွေ့တဲ့အခါ အရေးပေါ်အားကိုးရတာကတော့ အဘိဓာန်တွေပါ။ ကျွန်မတို့ငယ်ငယ်ဆိုရင် အဘိဓာတ်စာအုပ်အထူကြီးတွေထဲ ကိုယ်သိချင်တဲ့စာလုံးကိုလိုက်ရှာပေရော့ပဲ။ ဟိုးအရင်ကအဘိဓာန်စာအုပ်အဟောင်းတွေဆိုရင် စာလုံးမဆုံတော့ update ဖြစ်တဲ့ အဘိဓာန်တွေ ပြန်ပြန်ဝယ်ရလို့ စာအုပ်စင်မှာတောင် အဘိဓာန်စာအုပ်က (၂) အုပ်၊ (၃) အုပ်ရှိနေတာပေါ့။ အခုနည်းပညာခေတ်ရောက်လာတော့ ဖုန်းတစ်လုံး၊ ကွန်ပျူတာတစ်လုံးရှိရုံနဲ့ သိချင်တာတွေချက်ချင်းသိလို့ရပါပြီ။ စာကြောင်းတွေကိုတောင် တိုက်ရိုက်ဘာသာပြန်လို့ရပြီဆိုတော့ ဘယ်လောက်အချိန်ကုန်သက်သာပြီး လွယ်ကူသွားလဲနော်။ ဒါကြောင့် ဒီနေ့တော့ ကျောင်းသား၊ ကျောင်းသူတွေ အင်္ဂလိပ်စာလေ့လာနေသူတွေကြားထဲမှာ လူသုံးများပြီး အသုံးဝင်တဲ့ အွန်လိုင်းအဘိဓာန် website တွေကို ရွေးချယ်ပြောပြသွားမှာပါ။ Collins Dictionary Collins English လေ့ကျင့်ခန်းစာအုပ်တွေနဲ့ လူငယ်တော်တော်များများ ရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ အိတ်ဆောင်အဘိဓာန်စာအုပ်တွေနဲ့ရောပေါ့။ အခုကျွန်မပြောမယ့် Collins Dictionary က အွန်လိုင်းဝက်ဆိုက်ပါ။ သူ့ရဲ့အဘိဓာန်ဝက်ဆိုက်က အဘိဓာန်ကြည့်ဖို့အတွက်တင်မကဘဲ ဘာသာစကားအမျိုးမျိုးကနေ Translate … Continue reading အသုံးဝင်ဆုံး အခမဲ့အွန်လိုင်းအဘိဓာန်များ

IELTS/TOEFL အမှတ်မလိုဘဲ ကျောင်းလျှောက်လို့ရတဲ့ဂျာမန်တက္ကသိုလ်များ

ဥရောပတက္ကသိုလ်တွေထဲမှာ ဂျာမန်တက္ကသိုလ်တွေက အဆင့်မြင့်ပညာရေးနဲ့ပတ်သက်ရင် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေထဲမှာပါသလို နာမည်ကြီးတဲ့ဘာသာရပ်တွေလည်း များပါတယ်။ ဥပမာ ဆေးပညာ၊ စက်မှုအင်ဂျင်နီယာ၊ ဥပဒေ၊ စီးပွားရေး၊ သင်္ချာ ၊ Computer Science နဲ့ စိတ်ပညာ အစရှိတဲ့ဘာသာရပ်တွေနဲ့ပတ်သက်ရင် ဂျာမန်တက္ကသိုလ်တွေကတော်တော်လေးနာမည်ကြီးပါတယ်။ ဒီလိုနာမည်ကျော်ဘာသာရပ်တွေရော၊ ကျောင်းကောင်းတွေရောများတဲ့ ဂျာမန်တက္ကသိုလ်တွေကို ဝင်ခွင့်လျှောက်တဲ့အခါ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ဘာသာစကားကျွမ်းကျင်မှုပြစရာ လိုတဲ့တက္ကသိုလ်တွေရှိသလို၊ မလိုတဲ့တက္ကသိုလ်တွေလည်းအများကြီးရှိပါတယ်။ ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ IELTS/TOEFL လက်မှတ်မရှိထားဘဲ ဂျာမန်တက္ကသိုလ်တွေမှာ မာစတာနဲ့ ပါရဂူဘွဲ့လျှောက်ထားချင်တဲ့သူတွေကိုရည်ရွယ်ပြီး IELTS/TOEFL အမှတ်မလိုဘဲ ကျောင်းလျှောက်လို့ရတဲ့ ဂျာမန်တက္ကသိုလ်တွေအကြောင်းကို ပြောပြပေးမှာပါ။ ဒီတော့ IELTS/TOEFL လက်မှတ်ပြစရာမလိုရင် ဘာသာစကားအတွက်ဘယ်လက်မှတ်တွေပြဖို့ လိုလဲမေးစရာရှိမှာပါ။ ဂျာမန်တက္ကသိုလ်တွေက ကျောင်းလျှောက်တဲ့လျှောက်ထားသူကျောင်းသား၊ ကျောင်းသူရဲ့အင်္ဂလိပ်ဘာသာစကားအတွက် သီးသန့်လက်မှတ်မျိုးမဟုတ်ဘဲ ဘာသာစကားကျွမ်းကျင်မှုအထောက်အထားတစ်ခုခု ဒါမှမဟုတ် MOI (Medium of Instruction) … Continue reading IELTS/TOEFL အမှတ်မလိုဘဲ ကျောင်းလျှောက်လို့ရတဲ့ဂျာမန်တက္ကသိုလ်များ

မသန်စွမ်းနဲ့ အားကစားသမားများအတွက် နိုင်ငံတကာပညာသင်ဆုများ

အမေရိကန်မှာ ကောလိပ်နဲ့တက္ကသိုလ်ဆက်လက်တက်ရောက်ချင်တဲ့ လူငယ်အားကစားသမားတွေနဲ့ မသန်စွမ်းသူများအတွက် ပညာသင်ဆုပံ့ပိုးပေးနေတဲ့ အဖွဲ့အစည်းတွေတော်တော်များများရှိပါတယ်။ သူတို့အစီအစဉ်တွေက မြန်မာနိုင်ငံနဲ့တော့ အလှမ်းဝေးကောင်းဝေးနိုင်ပေမယ့် ရည်မှန်းချက်လည်းရှိတယ်၊ ပညာရေးကိုလည်းစိတ်ဝင်စားတဲ့ မသန်စွမ်းသူများနဲ့ အားကစားသမားများအတွက် ဒီပညာသင်ဆုအစီအစဉ်တွေကို လေ့လာထားပြီး ကိုယ်နဲ့ကိုက်ညီရင်လျှောက်ထားလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။ ဒီနှစ်ပညာသင်ဆုအတွက် မီသေးတယ်ဆိုရင်လည်း လျှောက်ထားနိုင်ပါတယ်။ AG Bell College Scholarship အပြိုင်အဆိုင်အရမ်းများတဲ့ ပညာသင်ဆုအစီအစဉ်လို့ပြောကြတဲ့ AG Bell ပညာသင်ဆုကတော့ နားမကြားသူများအတွက်ရည်ရွယ်ပြီးပေးတဲ့ ပညာသင်ဆုအစီအစဉ်ဖြစ်ပါတယ်။ အပြိုင်အဆိုင်ဘယ်လောက်များလဲဆိုရင် လျှောက်ထားသူတွေရဲ့ ၁၅% ပဲဝင်ခွင့်ရတယ်လို့ တရားဝင်ပြောထားပြီးသားပါ။ ဒီလိုထူးချွန်ပညာသင်ဆုဖြစ်လို့ အဓိကလိုအပ်ချက်ကတော့ တက္ကသိုလ်ဝင်တန်းအမှတ်ကောင်းဖို့လိုပါမယ်။ ဒါမှမဟုတ် တက္ကသိုလ်ပထမနှစ်တက်နေတယ်ဆိုရင်လည်း ပထမနှစ်အမှတ်စာရင်းပါ ပူးတွဲတင်ပေးရပါမယ်။ Recommendation (၃) စောင်လိုပါမယ်။ ကိုယ်တက်ချင်တဲ့ အမေရိကန်ကောလိပ်မှာဝင်ခွင့်မီတဲ့သူဖြစ်ရင် ပိုအဆင်ပြေပါတယ်။ ပညာသင်ဆုလျှောက်လွှာတွေကို မတ်လ (၄) ရက်မတိုင်ခင် အွန်လိုင်းကတစ်ဆင့်လျှောက်လွှာတင်ရပါမယ်။ Application … Continue reading မသန်စွမ်းနဲ့ အားကစားသမားများအတွက် နိုင်ငံတကာပညာသင်ဆုများ

Rotary Peace Center ရဲ့ငြိမ်းချမ်းရေးပညာသင်ဆု

တစ်နေ့က Scholarship Announcements page ကနေ Rotary Peace Fellowship အတွက် လျှောက်လွှာတွေစတင်လက်ခံနေပြီလို့ ကြေညာပေးခဲ့ပါတယ်။ အသေးစိတ်မပြောဖြစ်ဘဲ post ကိုဒီအတိုင်း share ပေးလိုက်တာမို့ ဒီနေ့တော့ Rotary Peace Fellowship အကြောင်းနည်းနည်းပြောပြပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒီ full scholarship ကမြန်မာနိုင်ငံကကျောင်းသားဟောင်းတွေ၊ လျှောက်ထားသူတွေနှစ်စဉ်ရှိတဲ့ ခိုင်မာတဲ့ပညာသင်ဆုအစီအစဉ်လည်းဖြစ်တယ်။ Rotary Peace Centers တွေက နိုင်ငံ(၅)နိုင်ငံမှာရှိပြီး ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးစိတ်ဝင်စားရင် ကိုယ့်ရဲ့ပညာအရည်အချင်းပေါ်မူတည်ပြီးတက်ရောက်လို့ရတဲ့ ပညာသင်ဆုအစီအစဉ်လည်းဖြစ်တာကြောင့် ပြောပြပေးဖို့ရွေးချယ်လိုက်တာပါ။ အွန်လိုင်းလျှောက်လွှာများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ဆုတွေကို လျှောက်ဖို့အတွက်ကတော့ အွန်လိုင်းကနေပဲ လျှောက်ထားရမှာပါ။ မေလ (၁၅) ရက်မတိုင်ခင်လျှောက်ထားရမှာပါ။ ပညာသင်ဆုလျှောက်ထားတဲ့အခါ resume ၊ ထောက်ခံစာ (Academic or Professional) ၊ … Continue reading Rotary Peace Center ရဲ့ငြိမ်းချမ်းရေးပညာသင်ဆု

[Editorial] သက်ကြီးပညာရေးနဲ့ multigenerational learning

နိုင်ငံတကာသတင်းတွေထဲမှာ အသက် ၇၀ ကျော်၊ ၈၀ ကျော်၊ ၉၀ ကျော်အဖိုးအဖွားတွေ ကျောင်းပြန်တက်ပြီး ဘွဲ့ယူတဲ့ပုံတွေမြင်တော့ အော်…သူတို့နိုင်ငံတွေကလူငယ်တွေအတွက်တင်မကဘူး လူကြီးတွေအတွက်ပါ တစ်သက်တာပညာရေးကိုတာဝန်ယူပေးတဲ့နိုင်ငံတွေပါလားလို့ တွေးမိသွားတယ်။ ကျွန်မတို့နိုင်ငံမှာတော့ အခြေခံပညာရေးပြီးမြောက်နှုန်းတောင် နပ်မမှန်တုန်းရှိသေးတယ်။ အဲ့လိုသတင်းတွေမြင်ရင် သူတို့နိုင်ငံတွေကို အားကျမိတာပေါ့။ ဒါပေမဲ့ လူကြီးတွေအတွက်ဒီလိုကျောင်းပြန်တက်ပြီး စာပြန်လေ့လာခွင့်က သူတို့ဆီမှာလည်းတက္ကသိုလ်၊ ကောလိပ်၊ ကျောင်းတိုင်းမှာ တက်လို့မရသေးပါဘူး။ ကျောင်းသားသစ်ခေါ်ယူတဲ့အခါ အလုပ်အကိုင်အခွင့်အလမ်း သူ့ထက်ငါဦးစားပေးရမယ့်အရေးကိုပဲ ကျောင်းတစ်ကျောင်းနဲ့ တစ်ကျောင်းအပြိုင်အဆိုင်ခေါ်နေရတဲ့အတွက် သက်ကြီးပိုင်းတွေအတွက်ဆို ဝင်ခွင့်လူဦးရေကလည်း ကျောင်းပေါ်မူတည်ပြီး ချွင်းချက်တွေရှိတတ်ပါတယ်။ နိုင်ငံတကာမှာက အသက် ၅၀ ကျော်၊ ၆၀ ကျော်လာရင်အငြိမ်းစားယူပြီးအနားယူတဲ့သူကယူ၊ တချို့ကျတော့ ကျန်းမာရေးလည်းကောင်းတယ် အချိန်တွေကလည်းအများကြီးပိုသွားပြီဆိုတော့ ဘဝမှာသူတို့မပြီးမြောက်သေးတဲ့အရာတွေ၊ အသစ် အသစ်သောပညာတွေပြန်သင် ပြန်တက်ချင်လာတဲ့အခါ သူတို့ရွေးချယ်တက်လို့ရတဲ့ တက္ကသိုလ်၊ ကောလိပ်တွေလိုက်ရှာကြပါတယ်။ ပညာသင်ရင်းနဲ့ ငယ်ရွယ်တဲ့အချိန်တုန်းကလို သူတို့ရဲ့ဘဝကိုပြန်ပြီးအသက်ဝင်ချင်လာကြတယ်လို့ … Continue reading [Editorial] သက်ကြီးပညာရေးနဲ့ multigenerational learning

နိုင်ငံတကာကလူငယ်တွေအတွက် Global Korea Scholarship အစီအစဉ်

ကိုရီးယားမှာလာရောက်ပညာသင်ကြားချင်တဲ့နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေအတွက် တောင်ကိုရီးယားအစိုးရကထောက်ပံ့ပေးတဲ့ ပညာသင်ဆုအစီအစဉ်တစ်ခုဖြစ်ပြီး Global Korea Scholarship ကဘွဲ့ကြိုနဲ့ ဘွဲ့လွန်သင်တန်း နှစ်ခုလုံးအတွက် ပညာသင်ထောက်ပံ့ကြေးပေးမှာပါ။ ပညာသင်ဆုအခွင့်အရေးပိုများတဲ့သူတွေကတော့ သက်ဆိုင်ရာနိုင်ငံတစ်ခုခုကနေဘွဲ့တစ်ခုခုရထားပြီး ကိုရီးယားမှာ Master နဲ့ PhD ဆက်လက်တက်ရောက်လိုတဲ့သူတွေပါ။ ပညာသင်ဆုလျှောက်ထားတဲ့သူတွေထဲ ကိုရီးယားဘာသာစကားကိုမတတ်ထားတဲ့သူတွေက ပညာသင်ဆုရရင် ကိုရီးယားဘာသာစကား တစ်နှစ်သင်တန်းကိုအရင်ဆုံးတက်ရမှာပါ။ TOPIK Level 5 အောင်မြင်ပြီးသားသူတွေကတော့ သက်ဆိုင်ရာသင်တန်းကိုတိုက်ရိုက်တက်ရောက်နိုင်ပါတယ်။ ဘယ်လိုလျှောက်ထားမလဲ အစိုးရပညာသင်ဆုဖြစ်တဲ့ လျှောက်ထားသူတွေက သက်ဆိုင်ရာနိုင်ငံကကိုရီးယားသံရုံး သို့မဟုတ် တက္ကသိုလ်ကို လျှောက်လွှာပေးပို့ပြီး လျှောက်ထားရမှာဖြစ်ပြီးတော့ Master နဲ့ PhD အတွက်ဆိုရင် ဖေဖော်ဝါရီကစပြီးလျှောက်ထားနိုင်ပါတယ်။ Bachelor အတွက်ဆိုရင်တော့ September ကစပြီးလျှောက်ထားနိုင်ပါတယ်။ Global Korea Scholarship အတွက်ပညာသင်ဆုကို တာဝန်ရှိသူတွေက သက်ဆိုင်ရာကိုရီးယားသံရုံး ဒါမှမဟုတ် ကိုရီးယားတက္ကသိုလ်တွေကိုအကြောင်းကြားပြီး announcement လုပ်ပါတယ်။ … Continue reading နိုင်ငံတကာကလူငယ်တွေအတွက် Global Korea Scholarship အစီအစဉ်

လူတိုင်းတက်လို့ရတဲ့ Digital Marketing သင်တန်းများ

ဒီနေ့ခေတ်မှာ တစ်ကမ္ဘာလုံးကလူတွေအားလုံးကိုချိတ်ဆက်ထားတာကတော့ ကျွန်မတို့နေ့စဉ်သုံးနေတဲ့ social media တွေပါပဲ။ ဒီ social media တွေနဲ့ချိတ်ဆက်မှုကနေ ကမ္ဘာတစ်ဖက်ခြမ်းနဲ့ တစ်ဖက်တိုက်ရိုက်ဆက်သွယ်ပြီး စကားတွေပြောလို့ရတယ်။ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေဆိုလည်း ပြည်တွင်းထဲမှာရော ပြည်ပအထိပါချိတ်ဆက်ပြီး ကိုယ့်ရဲ့ brand marketing အတွက် social media တွေ၊ blog တွေ၊ app တွေကတစ်ဆင့်လူသိများအောင်လုပ်လို့ရနေပါပြီ။ နိုင်ငံတကာနဲ့တပြေးညီ ဒီလောက်အသုံးဝင်တဲ့ social media ကိုဘယ်လိုအကျိုးရှိရှိအသုံးချပြီး digital marketing လုပ်လို့ရလဲဆိုတာကို ကောင်းကောင်းနားလည်သဘောပေါက်ဖို့ social media သုံးနေတဲ့လူတိုင်း အခြေခံသိထားသင့်တဲ့ Digital Marketing အကြောင်းကို အခမဲ့သင်လို့ရတဲ့ Google တို့၊ Facebook တို့လိုကုမ္ပဏီကြီးတွေနဲ့ နိုင်ငံတကာတက္ကသိုလ်ကြီးတွေက ဖွင့်ထားတဲ့သင်တန်းအကြောင်း SA ကစုစည်းဖော်ပြပေးလိုက်ပါတယ်။ Google Digital … Continue reading လူတိုင်းတက်လို့ရတဲ့ Digital Marketing သင်တန်းများ