ကိုရီးယားမှာလာရောက်ပညာသင်ကြားချင်တဲ့နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေအတွက် တောင်ကိုရီးယားအစိုးရကထောက်ပံ့ပေးတဲ့ ပညာသင်ဆုအစီအစဉ်တစ်ခုဖြစ်ပြီး Global Korea Scholarship ကဘွဲ့ကြိုနဲ့ ဘွဲ့လွန်သင်တန်း နှစ်ခုလုံးအတွက် ပညာသင်ထောက်ပံ့ကြေးပေးမှာပါ။ ပညာသင်ဆုအခွင့်အရေးပိုများတဲ့သူတွေကတော့ သက်ဆိုင်ရာနိုင်ငံတစ်ခုခုကနေဘွဲ့တစ်ခုခုရထားပြီး ကိုရီးယားမှာ Master နဲ့ PhD ဆက်လက်တက်ရောက်လိုတဲ့သူတွေပါ။

ပညာသင်ဆုလျှောက်ထားတဲ့သူတွေထဲ ကိုရီးယားဘာသာစကားကိုမတတ်ထားတဲ့သူတွေက ပညာသင်ဆုရရင် ကိုရီးယားဘာသာစကား တစ်နှစ်သင်တန်းကိုအရင်ဆုံးတက်ရမှာပါ။ TOPIK Level 5 အောင်မြင်ပြီးသားသူတွေကတော့ သက်ဆိုင်ရာသင်တန်းကိုတိုက်ရိုက်တက်ရောက်နိုင်ပါတယ်။

Advertisements

ဘယ်လိုလျှောက်ထားမလဲ

အစိုးရပညာသင်ဆုဖြစ်တဲ့ လျှောက်ထားသူတွေက သက်ဆိုင်ရာနိုင်ငံကကိုရီးယားသံရုံး သို့မဟုတ် တက္ကသိုလ်ကို လျှောက်လွှာပေးပို့ပြီး လျှောက်ထားရမှာဖြစ်ပြီးတော့ Master နဲ့ PhD အတွက်ဆိုရင် ဖေဖော်ဝါရီကစပြီးလျှောက်ထားနိုင်ပါတယ်။ Bachelor အတွက်ဆိုရင်တော့ September ကစပြီးလျှောက်ထားနိုင်ပါတယ်။

Global Korea Scholarship အတွက်ပညာသင်ဆုကို တာဝန်ရှိသူတွေက သက်ဆိုင်ရာကိုရီးယားသံရုံး ဒါမှမဟုတ် ကိုရီးယားတက္ကသိုလ်တွေကိုအကြောင်းကြားပြီး announcement လုပ်ပါတယ်။ လျှောက်ထားသူတွေက ပညာသင်ဆုအတွက်လိုအပ်တဲ့ စာရွက်စာတမ်းအကုန်ကို သံရုံး သို့မဟုတ် တက္ကသိုလ်ကိုပဲ တိုက်ရိုက်လျှောက်ရမှာပါ။ မြန်မာနိုင်ငံအတွက်ဆိုရင် သံရုံးကလျှောက်လို့ရ၊ မရကို ကိုရီးယားသံရုံးတာဝန်ရှိသူတွေထံ အရင်စုံစမ်းမေးမြန်းစေချင်ပါတယ်။

Advertisements

လိုအပ်ချက်များ

လျှောက်ထားသူတွေအနေနဲ့ ကိုရီးယားအစိုးရပညာသင်ဆု Global Korea Scholarship အတွက်ဆိုရင် Bachelor အတွက် အသက် (၂၅) နှစ်အောက်ဖြစ်ရပါမယ်။ Master နဲ့ PhD အတွက်ဆိုရင်တော့ အသက် (၄၀) အောက်ဖြစ်ရပါမယ်။ အဓိကလိုအပ်ချက်ကတော့ လျှောက်ထားသူတိုင်းရဲ့ GPA က 80% နဲ့အထက်ဖြစ်ဖို့လိုပါတယ်။ ဆိုလိုတာကတော့ overall GPA 3.2 နဲ့အထက်ရှိထားရမယ်လို့ပြောတာပါ။

အကယ်၍ GPA အမှတ်ကောင်းကောင်း 90% နဲ့အထက်ရှိထားပြီး TOPIK leve 5 ပြီးထားတယ်ဆိုရင် ဒီ program ကိုထပ်လျှောက်ခွင့်ပေးထားပါတယ်။

Advertisements

ပညာသင်ဆုမှာဘာတွေရမှာလဲ

ပညာသင်ဆုထဲမှာ လေယာဉ်စရိတ်၊ ကျောင်းစရိတ်၊ နေထိုင်စရိတ်၊ ကျန်းမာရေးအာမခံစရိတ်၊ သုတေသနထောက်ပံ့ကြေး၊ ဘာသာစကားသင်တန်းစရိတ်အစရှိတာတွေပါပါမယ်။ ထောက်ပံ့ကြေးအသေးစိတ်ကို ဒီပုံထဲမှာကြည့်နိုင်ပါတယ်။

South Korea Embassy in Yangon
Address: No. 97 University Avenue, Bahan Township, P.O. Box 1408, Yangon.
Telephone: (+95) 1 527 142 / 3 / 4
Email: myanmar@mofa.go.kr

Original link: Study in Korea

Advertisements

2 thoughts on “နိုင်ငံတကာကလူငယ်တွေအတွက် Global Korea Scholarship အစီအစဉ်

  1. Need Scholarship beacause our state (Chin) is so bad by ministry coup and I want to attend University but my parents can’t support my education. We are very poor and stringentness.

    Like

Leave a comment