နိုင်ငံတကာကလူငယ်တွေအတွက် Global Korea Scholarship အစီအစဉ်

ကိုရီးယားမှာလာရောက်ပညာသင်ကြားချင်တဲ့နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေအတွက် တောင်ကိုရီးယားအစိုးရကထောက်ပံ့ပေးတဲ့ ပညာသင်ဆုအစီအစဉ်တစ်ခုဖြစ်ပြီး Global Korea Scholarship ကဘွဲ့ကြိုနဲ့ ဘွဲ့လွန်သင်တန်း နှစ်ခုလုံးအတွက် ပညာသင်ထောက်ပံ့ကြေးပေးမှာပါ။ ပညာသင်ဆုအခွင့်အရေးပိုများတဲ့သူတွေကတော့ သက်ဆိုင်ရာနိုင်ငံတစ်ခုခုကနေဘွဲ့တစ်ခုခုရထားပြီး ကိုရီးယားမှာ Master နဲ့ PhD ဆက်လက်တက်ရောက်လိုတဲ့သူတွေပါ။ ပညာသင်ဆုလျှောက်ထားတဲ့သူတွေထဲ ကိုရီးယားဘာသာစကားကိုမတတ်ထားတဲ့သူတွေက ပညာသင်ဆုရရင် ကိုရီးယားဘာသာစကား တစ်နှစ်သင်တန်းကိုအရင်ဆုံးတက်ရမှာပါ။ TOPIK Level 5 အောင်မြင်ပြီးသားသူတွေကတော့ သက်ဆိုင်ရာသင်တန်းကိုတိုက်ရိုက်တက်ရောက်နိုင်ပါတယ်။ ဘယ်လိုလျှောက်ထားမလဲ အစိုးရပညာသင်ဆုဖြစ်တဲ့ လျှောက်ထားသူတွေက သက်ဆိုင်ရာနိုင်ငံကကိုရီးယားသံရုံး သို့မဟုတ် တက္ကသိုလ်ကို လျှောက်လွှာပေးပို့ပြီး လျှောက်ထားရမှာဖြစ်ပြီးတော့ Master နဲ့ PhD အတွက်ဆိုရင် ဖေဖော်ဝါရီကစပြီးလျှောက်ထားနိုင်ပါတယ်။ Bachelor အတွက်ဆိုရင်တော့ September ကစပြီးလျှောက်ထားနိုင်ပါတယ်။ Global Korea Scholarship အတွက်ပညာသင်ဆုကို တာဝန်ရှိသူတွေက သက်ဆိုင်ရာကိုရီးယားသံရုံး ဒါမှမဟုတ် ကိုရီးယားတက္ကသိုလ်တွေကိုအကြောင်းကြားပြီး announcement လုပ်ပါတယ်။ … Continue reading နိုင်ငံတကာကလူငယ်တွေအတွက် Global Korea Scholarship အစီအစဉ်