ကြီးမြတ်တဲ့သမိုင်းကြောင်းကို ဖော်ပြနေတဲ့ ပုဂံမြို့ဟောင်းနဲ့ပတ်သက်ရင် လေ့လာစရာ၊ သိစရာ မှတ်စရာတွေက မနည်းမနောပါပဲ။ ပုဂံဆိုတာ သာမန်ဓာတ်ပုံသွားရိုက်ဖို့၊ အလှအပန်းဖြေသွားဖို့ နေရာတစ်ခုထက်ပိုတယ်ဆိုတာကို ပုဂံအကြောင်းရေးသားပြုစုထားတဲ့စာအုပ်စာတမ်းတွေကတစ်ဆင့်သိနိုင်ပါတယ်။ Ancient City, Bagan, Myanmar စာရေးသူ ပုဂံကိုသွားတဲ့အချိန်တိုင်း မသွားခင်လေ့လာချင်တဲ့အပိုင်းတွေကို စာကြိုဖတ်သွားပြီး မြေပုံကအစမှတ်တတ်တဲ့အတွက် ပုဂံအကြောင်းရေးသားထားတဲ့စာအုပ်တွေ၊ ebook တွေ စုထားတာများပါတယ်။ အခုတော့ လက်ထဲရှိပြီးသား ebook တချို့ကိုပဲ SA Library မှာ တင်ပေးသွားပါမယ်။ Google link မို့ သိမ်းထားချင်တယ်ဆိုရင် အလွယ်တကူ download ဆွဲလို့လည်းရပါတယ်။ ဇော်ဂျီ - ပုဂံခေတ်ပန်းချီသဘောဇော်ဂျီ - ပုဂံခေတ် ဗုဒ္ဓဝင်ပန်းချီဇော်ဂျီ - ပုဂံမြို့ဟောင်းနှင့်ကျွန်တော် ပါရဂူ - ပုဂံခရီးသည် ပုဂံစေတီပုထိုးများ မင်းဆွေ - ပုဂံခေတ်အလှူဆိုင်ရာဆုတောင်းနှင့် … Continue reading Bagan History and Culture E-book Collection
အမျိုးသမီး၊ စစ်ပွဲနှင့် ငြိမ်းချမ်းရေးအိမ်မက်
Zainab Salbi က အီရတ်မှာမွေးပြီး အီရတ်စစ်ပွဲထဲမှာ ကြီးပြင်းခဲ့တဲ့သူပါ။ မွေးရပ်မြေက ထွက်လာပြီးတော့ Women for Women International ကိုတည်ထောင်ပြီး စစ်ပွဲကြောင့် တစာခံဖြစ်ခဲ့ရတဲ့အမျိုးသမီးတွေကို ကူညီစောင့်ရှောက်ပေးပြီး ငြိမ်းချမ်းရေးအတွက် အမျိုးသမီးတွေရဲ့အသံကို ကမ္ဘာကို မျှဝေပေးနေတဲ့ Activist တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ဘဝတစ်စိတ်တစ်ပိုင်းနဲ့ စစ်နဲ့ငြိမ်းချမ်းရေးအကြောင်းကို TED Talk မှာ ၂၀၁၀ ခုနှစ်တုန်းက ၁၅ မိနစ်ဝန်းကျင်စာ ပြောကြားသွားပါတယ်။ အခုရေးသားထားတဲ့စာကတော့ အဆိုပါဗီဒီယိုဖိုင်ကို ဘာသာပြန်ဆိုထားတဲ့ ဆောင်းပါးပဲဖြစ်ပါတယ်။ Translate by Scholarship Announcementsညလယ်ခေါင်ကြီး ကျယ်လောင်လွန်းတဲ့ပေါက်ကွဲသံကြောင့် ကျွန်မနိုးလာခဲ့တယ်။ ညဉ့်ကလည်း တော်တော်နက်နေပြီ။ ဘယ်အချိန်လဲတောင် ကျွန်မ မမှတ်မိတော့ဘူး။ ကျွန်မမှတ်မိတာက အသံတော်တော်ကျယ်ပြီးတော့ တော်တော်လေးလန့်စရာကောင်းတာပဲ။ အခန်းထဲက ပစ္စည်းတွေလည်း ယိမ်းထိုးနေတယ်။ ကျွန်မနှလုံးခုန်သံရော၊ … Continue reading အမျိုးသမီး၊ စစ်ပွဲနှင့် ငြိမ်းချမ်းရေးအိမ်မက်
Weekend Books Collection_Scholarship Announcements
စာကြည့်တိုက်ကဏ္ဍအတွက် စာအုပ်အညွှန်းမရေးရတာကြာနေပြီမို့လို့ ဒီတစ်ခါတော့ Weekend မှာ ဖတ်လို့ကောင်းမယ့်စာအုပ်လေးတွေ ညွှန်းပေးချင်ပါတယ်။ စာညွှန်းရေးတဲ့သူရဲ့အကြိုက်ကို ညွှန်းထားပေမယ့် စာဖတ်သူတွေလည်း ကြိုက်မယ်လို့ ထင်ပါတယ်။ အချစ်ပုံပြင် [မောင်မိုးသူ] ဘာသာပြန်စာအုပ်ဆိုပေမယ့် ဘယ်အချိန်ပဲဖတ်ဖတ်ရိုးမသွားတဲ့ စာအုပ်လေးပါ။ စာရေးဆရာကြီး Erich Segal ရဲ့ Love Story စာအုပ်က တချိန်က ဟိုးလေးတကျော်ကျော်အောင်မြင်ခဲ့တဲ့လူငယ်အချစ်ဇာတ်လမ်းလေးဆိုပေမယ့် အခုချိန်ပြန်ဖတ်လည်း ရိုးမသွားဘဲ ရသအစုံခံစားမိတဲ့ စာအုပ်လေးဖြစ်ပါတယ်။ အလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက်နဲ့ လိုက်ဖက်လွန်းတဲ့စာအုပ်လို့ပဲ မြင်မိပါတယ်။ ဇာတ်လမ်းကျောရိုးကတော့ ဟားဗက်တက္ကသိုလ်ရဲ့အချစ်ဇာတ်လမ်းလေးပေါ့။ ကိုရီးယားမှာတောင် ဒါကို ဇာတ်လမ်းတွဲအရှည်ပြန်ရိုက်ထားတာ ကြည့်ဖူးသလိုပဲ။ ကြာပြီဆိုတော့ သိပ်မမှတ်မိတော့ဘူး။ မြန်မာဘာသာပြန်ဆိုသူ ဆရာ မောင်မိုးသူရဲ့လက်ရာနဲ့ ပြန်ခံစားကြည့်ခွင့်ရတာလည်း ကျွန်မအတွက်တော့ စာပေမှတ်တိုင်တစ်ခုလိုပါပဲ။ ကမ္ဘာကြီးဇောက်ထိုးမိုးမျှော် [ဝင်းငြိမ်း] မြန်မာ-အိုင်းရစ်ရှ်ကပြား စာရေးဆရာမရဲ့ စစ်အတွင်းမြန်မာနိုင်ငံမှာနေခဲ့ရတဲ့ သူ့ဘဝအစိတ်အပိုင်းအကြောင်းကို ပြောပြထားတဲ့ … Continue reading Weekend Books Collection_Scholarship Announcements
စစ်ရေးတိုက်ခိုက်ခံရချိန် ကာကွယ်ပုံ၊ ကာကွယ်နည်းတွေကို ယူကရိန်းကျောင်းသားများ ကြိုတင်လေ့လာထား
A school assembly in Kyiv where kids talked about their perception of the current crisis CBS News၊ ဖေဖော်ဝါရီ ၂၃ယူကရိန်းနိုင်ငံပေါ် ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုကို ကြိုတင်တွက်ဆထားခဲ့တဲ့ ယူကရိန်းတာဝန်ရှိသူတွေနဲ့ ယူကရိန်းပြည်သူတွေက စစ်ရေးတင်းမာချိန်ကတည်းက စစ်ရေးတိုက်ခိုက်ခံရချိန် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ပုံ၊ ကာကွယ်နည်းတွေနဲ့ ဘယ်လိုရှင်သန်နေထိုင်ရမလဲဆိုတာ စာသင်ကျောင်းတွေမှာ စတင်သင်ကြားပေးခဲ့တယ်လို့ Reuters သတင်းဌာနရဲ့သတင်းအရင်းအမြစ်အရ သိရပါတယ်။ စစ်မဖြစ်ခင် Kharkiv မြို့က စာသင်ကျောင်းတစ်ကျောင်းမှာ ဖောက်ခွဲရေးပစ္စည်းအမျိုးမျိုးကို ဖော်ထုတ်နည်း၊ ကျည်ကာအင်္ကျ ီအသုံးပြုနည်းနဲ့ ကျည်ကာဦးထုပ်တွေအကြောင်း ကျောင်းသား၊ ကျောင်းသူတွေသင်ယူနေပုံကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်လို့ သတင်းဌာနကဆိုပါတယ်။ အလားတူ စစ်ဖြစ်ချိန်ဘေးလွတ်ရာကိုရွေ့ပြောင်းခြင်းဆိုင်ရာ လေ့ကျင့်မှုတွေနဲ့ ရှေးဦးသူနာပြုနည်းတွေကိုလည်း တာဝန်ရှိသူတွေက လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ ယူကရိန်းအရပ်ဘက်ကာကွယ်ရေးဆိုင်ရာ အထူးကျွမ်းကျင်သူ Oleksandr … Continue reading စစ်ရေးတိုက်ခိုက်ခံရချိန် ကာကွယ်ပုံ၊ ကာကွယ်နည်းတွေကို ယူကရိန်းကျောင်းသားများ ကြိုတင်လေ့လာထား
ကမ္ဘာ့အသေးဆုံးစာကြည့်တိုက်လေးများ
ကျွန်မစာကြည့်တိုက်အကြောင်းရေးရင်း ဘယ်နိုင်ငံကစာကြည့်တိုက်တွေက ဘယ်လောက်ခမ်းနားတာ၊ စာအုပ်ပေါင်း ဘယ်လောက်စုံတာ၊ အဆောက်အဦးကဘယ်လိုဖြစ်တာတွေပဲရေးနေလို့ စာကြည့်တိုက်တည်ထောင်ဖို့ဆို အကုန်အကျများပြီး ထိန်းသိမ်းရခက်မယ်လို့ မတွေးစေချင်ပါဘူး စာကြည့်တိုက်ဆိုတာ အသက်အရွယ်မရွေး လူသားတိုင်းအတွက် ဉာဏ်အသိပညာတွေ အများကြီးထည့်ထားတဲ့ရတနာသေတ္တာလေးလိုပါပဲ။ ဘယ်သူပဲလာဖွင့်ဖွင့် ဖွင့်တဲ့သူပဲရတနာတွေရမှာပါ။ သေတ္တာလေးကို အပြင်ပန်းကြည့်ပြီး အထဲမှာဘာရှိလဲပြောဖို့ခက်သလို စာကြည့်တိုက်လေး သေးသေးလေးဆိုပြီး အထင်သေးလို့လည်းမရပါဘူး။ ဒီသေးသေးလေးရဲ့အင်အားက ခန့်မှန်းလို့မရအောင်ကြီးနိုင်ပါတယ်။ ဟိုတလောက စက်ဘီးလေးနဲ့စာအုပ်ရောင်းတဲ့ညီမလေးတစ်ယောက်ကို တွေ့တော့ ကျွန်မတို့မှာလည်း ဒီလိုရတနာသေတ္တာလေးတွေများလာရင်ကောင်းမယ်လို့ တွေးမိခဲ့ပါတယ်။ စာဖတ်တဲ့ဓလေ့က ကျွန်မတို့လူငယ်တွေကြားထဲ တိုးလာလေလေ ဒီလိုရတနာသေတ္တာလေးတွေပိုများလာလေဖြစ်သလို၊ ဒီလိုရတနာသေတ္တာလေးတွေကို စိတ်ဝင်စားဖို့ကောင်းတဲ့သေတ္တာလေးတွေအဖြစ်ဖန်တီးပြီး စာဖတ်တဲ့သူတွေများလာအောင်လည်း ဆွဲဆောင်လို့ရပါတယ်။ ဒီအကြောင်းပြောရင် ပြောချင်တာကများလို့ပြီးမှာမဟုတ်တော့ လိုရင်းကိုပဲပြန်သွားမယ်နော်။ ကမ္ဘာပေါ်မှာ ခမ်းနားကြီးမားတဲ့ စာကြည့်တိုက်ကြီးတွေရှိသလို စာတိုက်ပုံးဆိုဒ်လောက်ပဲရှိတဲ့ အသေးဆုံးစာကြည့်တိုက်လေးတွေလည်းရှိခဲ့ပါတယ်။ ယူကေက တယ်လီဖုန်းရုံစာကြည့်တိုက်လေးများ ဥရောပနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေသွားရင် အများပြည်သူသွားလာနေတဲ့နေရာတွေမှာ စာအုပ်ဖတ်နေတဲ့သူတွေကို အမြဲတွေ့ရမှာပါ။ ဒီလိုစာသိပ်ဖတ်ကြတဲ့သူတွေက … Continue reading ကမ္ဘာ့အသေးဆုံးစာကြည့်တိုက်လေးများ
Book of the Week_Dear World
ဆီးရီးယားကကြောက်မက်ဖွယ်ကောင်းတဲ့ပြည်တွင်းစစ်ပွဲတွေကြောင့် Aleppo မြို့မှာမိသားစုနဲ့အတူပိတ်မိနေခဲ့ရာကနေ နောက်ဆုံးမှာ တူရကီကိုထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့တဲ့ ကလေးငယ်တစ်ဦးက စစ်ပွဲတွေကြားက သူ့ရဲ့ဘဝအကြောင်းကိုရေးသားထားတဲ့ စာအုပ်လေးတစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စာအုပ်နာမည်က Dear World တဲ့။ Bana Alabed ဆိုတဲ့ကလေးငယ်လေးက တစ်ကမ္ဘာလုံးကစစ်ပွဲကြောင့်ထိခိုက်နစ်နာခဲ့ရတဲ့ ကလေးငယ်တွေကိုယ်စား Twitter ကနေ အားပေးလှုံ့ဆော်တဲ့ အာဂကလေးမလေးပေါ့။ သူ့ရဲ့ဘဝအကြောင်းကို သူကိုယ်တိုင်ရေးသားဖော်ပြခဲ့တဲ့စာအုပ်ဖြစ်တာမို့ အတုယူစရာကောင်းပြီး စိတ်ဝင်စားဖို့လည်းကောင်းတာကြောင့် Book of the Week အတွက်ရွေးချယ်ပေးလိုက်ပါတယ်။ I wanted to write on Twitter every day to tell people how bad it was in Aleppo and to tell them when I … Continue reading Book of the Week_Dear World
Book of the Week_Deaf Republic by IIya Kaminsky
SA Library က စာအုပ်အညွှန်းတွေကြည့်ရင် နည်းနည်း heavy တွေပဲ များနေလို့ ဒီနေ့တော့ ကဗျာစာအုပ်ပဲရွေးလိုက်ပါတော့တယ်။ ကဗျာစာအုပ်ဆိုပေမယ့် အဲဒီထဲက ကဗျာတွေက ကျွန်မတို့ပြည်သူတွေ အခုခံစားနေရတဲ့အရာတွေနဲ့ ထပ်တူကျနေတော့ ကဗျာဖတ်ရင်း၊ မျက်ရည်ဝဲရင်းဖတ်ရမှာပါနော်။ ပျက်စီးနေတဲ့နိုင်ငံထဲက ပြည်သူတွေရဲ့ ဝမ်းနည်းဖွယ်ရာမြင်ကွင်းတွေ၊ ခံစားချက်တွေကိုကွက်ကွက်ကွင်းကွင်းမြင်အောင် ကဗျာကနေပုံဖော်ပေးလိုက်တဲ့သူက ကဗျာဆရာ Ilya Kaminsky ပါ။ သူ့ရဲ့ "Deaf Republic" ကဗျာစာအုပ်ကို ဆရာသူရိန်ဝင်းကနေ "နားမကြားနိုင်ငံတော်" အဖြစ်ဘာသာပြန်ထားပြီး ဒီနေ့တော့ဒီကဗျာစာအုပ်ထဲက ကဗျာတချို့ကို ထုတ်နှုတ်ဖော်ပြရင်း စာအညွှန်းရေးလိုက်ပါတယ်။ ရဲကပစ်လိုက်တဲ့ကောင်လေး ပလက်ဖောင်းမှာနာရီများစွာ လဲဆန့်နေတဲ့တိုင်းပြည်ဟာ ငါတို့တိုင်းပြည်။ ဟနေတဲ့ သူ့ပါးစပ်မှာတစ်တိုင်းပြည်လုံးရဲ့ အတိုင်းသားအဖြစ်ကိုငါတို့ မြင်ရတယ်။ ငါတို့ ကြည့်တယ်။ အခြားသူတွေ ကြည့်တာကြည့်တယ်။ ကောင်လေးတစ်ယောက်ရဲ့ ရုပ်ခန္ဓာအတိုင်း တစ်သဝေမတိမ်း ကောင်လေးရဲ့ရုပ်ခန္ဓာပလက်ဖောင်းမှာ လဲစင်းနေတယ် … Continue reading Book of the Week_Deaf Republic by IIya Kaminsky
Book of the Week_Beasts of No Nation
ကျွန်တော်သာဆရာဝန်ကြီးတစ်ယောက်ဒါမှမဟုတ်အင်ဂျင်နီယာကြီးတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်ဝင်ငွေတွေအများကြီးရပြီးစစ်တိုက်ဖို့လည်းမလိုတော့ဘူးဆိုတဲ့အကြောင်းပေါ့… … Uzodinma Iweala ရဲ့မူရင်းစာအုပ် မူရင်းစာအုပ်ကို ဘာသာပြန်ဆိုသူက ဆရာဝင်းငြိမ်းဆိုတော့ ဖတ်ရတာအရသာကောင်းလိုက်တာမှ စာလုံးတိုင်းကရင်ထဲကိုနင့်နေတာပါပဲ။ ဆရာဝင်းငြိမ်းက ခေါင်းစဉ်ကို နိုင်ငံမဲ့သားကောင်များ လို့ ပေးထားပါတယ်။ ကလေးစစ်သားတစ်ယောက်ရဲ့ နေ့နဲ့ညတိုင်းက ငရဲခန်းလိုပဲ။ အရင်ကဘုရားသခင်ကို ယုံကြည်ခဲ့တဲ့ အာဂူးဆိုတဲ့ကောင်လေး၊ သူ့ဘဝတစ်ခုလုံးပြောင်းပြန်လှန်သွားချိန်မှာ ဘုရားသခင်က သူတို့ကိုမကြည့်ပေးတော့ဘူးဆိုတာ သူသိသွားခဲ့တယ်။ "ကျွန်တော်စစ်သားတစ်ယောက်ပါ။ စစ်သားကလူသတ်တယ်ဆိုတာ ဘယ်ကောင်းပါ့မလဲ။ ဒါက ကျွန်တော့်ကိုယ်ကျွန်တော် သတိပေးနေတာပါ။ သူတို့ကတော့ စစ်သားဆိုတာလူသတ်ရဲရမတဲ့။ သတ်၊ သတ်၊ သတ်လို့ပဲပြောနေကြတယ်။ ဒါကြောင့် ကျွန်တော်လူသတ်တယ်ဆိုရင် ကောင်းတဲ့ကိစ္စအတွက်ပဲသတ်ပါတယ်"_အာဂူး "စစ်သားလုပ်တယ်ဆိုတာ ခွန်အားမရှိသူတွေရဲ့အလုပ်ပါ။ စားစရာမရှိ၊ ရှိပြန်တော့လည်း နေရာတကာစားလို့မရ။ ရုပ်ရှင်ထဲမှာလို လုပ်ချင်တာလုပ်လို့မရပါဘူး"_အာဂူး ဒီစာအုပ်ကို ရုပ်ရှင်အနေနဲ့ပြန်ရိုက်ထားတာရှိပါတယ်။ Netflix မှာကြည့်လို့ရပါတယ်။ စစ်ရဲ့အနိဌာရုံကြောင့် ကလေးတွေရဲ့အနာဂတ်တွေဘယ်လောက်ပျက်စီးခဲ့ရလဲ၊ ကမ္ဘာပေါ်မှာစစ်ကြောင့် အထိနာဆုံးက ကလေးတွေပါ။ … Continue reading Book of the Week_Beasts of No Nation