စာကြည့်တိုက်ကဏ္ဍအတွက် စာအုပ်အညွှန်းမရေးရတာကြာနေပြီမို့လို့ ဒီတစ်ခါတော့ Weekend မှာ ဖတ်လို့ကောင်းမယ့်စာအုပ်လေးတွေ ညွှန်းပေးချင်ပါတယ်။ စာညွှန်းရေးတဲ့သူရဲ့အကြိုက်ကို ညွှန်းထားပေမယ့် စာဖတ်သူတွေလည်း ကြိုက်မယ်လို့ ထင်ပါတယ်။

အချစ်ပုံပြင် [မောင်မိုးသူ]

ဘာသာပြန်စာအုပ်ဆိုပေမယ့် ဘယ်အချိန်ပဲဖတ်ဖတ်ရိုးမသွားတဲ့ စာအုပ်လေးပါ။ စာရေးဆရာကြီး Erich Segal ရဲ့ Love Story စာအုပ်က တချိန်က ဟိုးလေးတကျော်ကျော်အောင်မြင်ခဲ့တဲ့လူငယ်အချစ်ဇာတ်လမ်းလေးဆိုပေမယ့် အခုချိန်ပြန်ဖတ်လည်း ရိုးမသွားဘဲ ရသအစုံခံစားမိတဲ့ စာအုပ်လေးဖြစ်ပါတယ်။ အလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက်နဲ့ လိုက်ဖက်လွန်းတဲ့စာအုပ်လို့ပဲ မြင်မိပါတယ်။ ဇာတ်လမ်းကျောရိုးကတော့ ဟားဗက်တက္ကသိုလ်ရဲ့အချစ်ဇာတ်လမ်းလေးပေါ့။ ကိုရီးယားမှာတောင် ဒါကို ဇာတ်လမ်းတွဲအရှည်ပြန်ရိုက်ထားတာ ကြည့်ဖူးသလိုပဲ။ ကြာပြီဆိုတော့ သိပ်မမှတ်မိတော့ဘူး။ မြန်မာဘာသာပြန်ဆိုသူ ဆရာ မောင်မိုးသူရဲ့လက်ရာနဲ့ ပြန်ခံစားကြည့်ခွင့်ရတာလည်း ကျွန်မအတွက်တော့ စာပေမှတ်တိုင်တစ်ခုလိုပါပဲ။

Advertisements

ကမ္ဘာကြီးဇောက်ထိုးမိုးမျှော် [ဝင်းငြိမ်း]

မြန်မာ-အိုင်းရစ်ရှ်ကပြား စာရေးဆရာမရဲ့ စစ်အတွင်းမြန်မာနိုင်ငံမှာနေခဲ့ရတဲ့ သူ့ဘဝအစိတ်အပိုင်းအကြောင်းကို ပြောပြထားတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့သမိုင်းစာအုပ်လေးပါ။ ၁၉၃၃ ကနေ ၁၉၄၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ အညာဒေသနဲ့ ကလောမြို့လေးအကြောင်း ကျွန်မတို့ သိပ်မသေးတဲ့အကြောင်းအရာလေးတွေလည်း ဒီစာအုပ်ထဲမှာဖတ်ခွင့်ရတဲ့အတွက် ဗဟုသုတလည်းရ၊ သည်းထိပ်ရင်ဖိုစိတ်ဝင်စားဖို့လည်းကောင်းတာမို့ weekend နဲ့ အတော်လေးသင့်တော်မယ်လို့ထင်ပါတယ်။

Advertisements

အောင်ချိမ့် – ရိုမန့်တစ်ခေတ်

ဘဝအလွမ်း

ရယ်စရာတွေပေါ့လေ

မရယ်နိုင်တော့တာပေါ့လေ။ ။

ဒီကဗျာလေးအတိုင်း ရိုမန့်တစ်ခေတ်ရဲ့တစ်စိတ်တစ်ပိုင်းကို ခံစားရင်း ဒီ weekend မှာ ဘဝအမောတွေ ဖြေပျောက်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ အခုတစ်ပတ်အတွက် နောက်ဆုံးညွှန်းပေးချင်တဲ့ ကဗျာဆရာအောင်ချိမ့်ရဲ့ ရိုမန့်တစ်ခေတ် ကဗျာစာအုပ်လေးနဲ့အဆုံးသတ်လိုက်ပါတယ်။

Leave a comment