Weekend Books Collection_Scholarship Announcements

စာကြည့်တိုက်ကဏ္ဍအတွက် စာအုပ်အညွှန်းမရေးရတာကြာနေပြီမို့လို့ ဒီတစ်ခါတော့ Weekend မှာ ဖတ်လို့ကောင်းမယ့်စာအုပ်လေးတွေ ညွှန်းပေးချင်ပါတယ်။ စာညွှန်းရေးတဲ့သူရဲ့အကြိုက်ကို ညွှန်းထားပေမယ့် စာဖတ်သူတွေလည်း ကြိုက်မယ်လို့ ထင်ပါတယ်။ အချစ်ပုံပြင် [မောင်မိုးသူ] ဘာသာပြန်စာအုပ်ဆိုပေမယ့် ဘယ်အချိန်ပဲဖတ်ဖတ်ရိုးမသွားတဲ့ စာအုပ်လေးပါ။ စာရေးဆရာကြီး Erich Segal ရဲ့ Love Story စာအုပ်က တချိန်က ဟိုးလေးတကျော်ကျော်အောင်မြင်ခဲ့တဲ့လူငယ်အချစ်ဇာတ်လမ်းလေးဆိုပေမယ့် အခုချိန်ပြန်ဖတ်လည်း ရိုးမသွားဘဲ ရသအစုံခံစားမိတဲ့ စာအုပ်လေးဖြစ်ပါတယ်။ အလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက်နဲ့ လိုက်ဖက်လွန်းတဲ့စာအုပ်လို့ပဲ မြင်မိပါတယ်။ ဇာတ်လမ်းကျောရိုးကတော့ ဟားဗက်တက္ကသိုလ်ရဲ့အချစ်ဇာတ်လမ်းလေးပေါ့။ ကိုရီးယားမှာတောင် ဒါကို ဇာတ်လမ်းတွဲအရှည်ပြန်ရိုက်ထားတာ ကြည့်ဖူးသလိုပဲ။ ကြာပြီဆိုတော့ သိပ်မမှတ်မိတော့ဘူး။ မြန်မာဘာသာပြန်ဆိုသူ ဆရာ မောင်မိုးသူရဲ့လက်ရာနဲ့ ပြန်ခံစားကြည့်ခွင့်ရတာလည်း ကျွန်မအတွက်တော့ စာပေမှတ်တိုင်တစ်ခုလိုပါပဲ။ ကမ္ဘာကြီးဇောက်ထိုးမိုးမျှော် [ဝင်းငြိမ်း] မြန်မာ-အိုင်းရစ်ရှ်ကပြား စာရေးဆရာမရဲ့ စစ်အတွင်းမြန်မာနိုင်ငံမှာနေခဲ့ရတဲ့ သူ့ဘဝအစိတ်အပိုင်းအကြောင်းကို ပြောပြထားတဲ့ … Continue reading Weekend Books Collection_Scholarship Announcements