Weekend Books Collection_Scholarship Announcements

စာကြည့်တိုက်ကဏ္ဍအတွက် စာအုပ်အညွှန်းမရေးရတာကြာနေပြီမို့လို့ ဒီတစ်ခါတော့ Weekend မှာ ဖတ်လို့ကောင်းမယ့်စာအုပ်လေးတွေ ညွှန်းပေးချင်ပါတယ်။ စာညွှန်းရေးတဲ့သူရဲ့အကြိုက်ကို ညွှန်းထားပေမယ့် စာဖတ်သူတွေလည်း ကြိုက်မယ်လို့ ထင်ပါတယ်။ အချစ်ပုံပြင် [မောင်မိုးသူ] ဘာသာပြန်စာအုပ်ဆိုပေမယ့် ဘယ်အချိန်ပဲဖတ်ဖတ်ရိုးမသွားတဲ့ စာအုပ်လေးပါ။ စာရေးဆရာကြီး Erich Segal ရဲ့ Love Story စာအုပ်က တချိန်က ဟိုးလေးတကျော်ကျော်အောင်မြင်ခဲ့တဲ့လူငယ်အချစ်ဇာတ်လမ်းလေးဆိုပေမယ့် အခုချိန်ပြန်ဖတ်လည်း ရိုးမသွားဘဲ ရသအစုံခံစားမိတဲ့ စာအုပ်လေးဖြစ်ပါတယ်။ အလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက်နဲ့ လိုက်ဖက်လွန်းတဲ့စာအုပ်လို့ပဲ မြင်မိပါတယ်။ ဇာတ်လမ်းကျောရိုးကတော့ ဟားဗက်တက္ကသိုလ်ရဲ့အချစ်ဇာတ်လမ်းလေးပေါ့။ ကိုရီးယားမှာတောင် ဒါကို ဇာတ်လမ်းတွဲအရှည်ပြန်ရိုက်ထားတာ ကြည့်ဖူးသလိုပဲ။ ကြာပြီဆိုတော့ သိပ်မမှတ်မိတော့ဘူး။ မြန်မာဘာသာပြန်ဆိုသူ ဆရာ မောင်မိုးသူရဲ့လက်ရာနဲ့ ပြန်ခံစားကြည့်ခွင့်ရတာလည်း ကျွန်မအတွက်တော့ စာပေမှတ်တိုင်တစ်ခုလိုပါပဲ။ ကမ္ဘာကြီးဇောက်ထိုးမိုးမျှော် [ဝင်းငြိမ်း] မြန်မာ-အိုင်းရစ်ရှ်ကပြား စာရေးဆရာမရဲ့ စစ်အတွင်းမြန်မာနိုင်ငံမှာနေခဲ့ရတဲ့ သူ့ဘဝအစိတ်အပိုင်းအကြောင်းကို ပြောပြထားတဲ့ … Continue reading Weekend Books Collection_Scholarship Announcements

The difference between GED and IGCSE

နိုင်ငံရပ်ခြားမှာ ကျောင်းတက်ဖို့စီစဉ်နေကြတဲ့လူငယ်တွေကြားမှာ အပြောများနေကြတဲ့ GED နဲ့ IGCSE စာမေးပွဲ ဘာတွေကွာခြားလဲ၊ ကိုယ်လျှောက်ချင်တဲ့ နိုင်ငံခြားတက္ကသိုလ်တွေက ဘယ်လက်မှတ်ကို လက်ခံတတ်ကြလဲဆိုတာ ဒီတစ်ပတ်အတွက်ပြောပြပေးဖို့ ရွေးချယ်ထားပါတယ်။ ၂၀၂၁ နောက်ပိုင်း ကျွန်မတို့နိုင်ငံကလူငယ်တွေ တော်တော်များများအနေနဲ့ ပညာတစ်ပိုင်းတစ်စဖြစ်နေတာတွေ ၊ လက်ရှိအဆင့်မြင့်ပညာရေးအပေါ်မှာ မယုံကြည်မှုတွေ၊ ပြည်တွင်းမှာအလုပ်အကိုင်ရှားပါးမှုတွေက နိုင်ငံရပ်ခြားပညာသင်ကြားတဲ့ဘက်ကို ပိုတွန်းပို့နေတဲ့အဓိကအချက်တွေဖြစ်နေတယ်လို့ ထင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာပညာရေးဘက်ဆက်သွယ်မယ့်သူတိုင်း သိထားသင့်တဲ့ ဒီစာမေးပွဲနှစ်ခုအကြောင်းကို ခြုံငုံဖော်ပြလိုက်ပါတယ်။ GED ဆိုတာ ဘာလဲ? GED ဆိုတာ လွယ်လွယ်ပြောရရင် အမေရိကန်အထက်တန်းပြီးဆုံးကျောင်းလက်မှတ်နဲ့ညီတဲ့ အသိအမှတ်ပြုလက်မှတ်ပါ။ အမေရိကန်ပြည်ထောင်စုမှာ ကောလိပ်တက်မယ့်သူတွေ ဒါမှမဟုတ် GED လက်မှတ်ကို လက်ခံတဲ့ တခြားသောနိုင်ငံတကာတက္ကသိုလ်နဲ့ ကောလိပ်တွေမှာ ဝင်ခွင့်လျှောက်မယ့်သူတွေနဲ့ ဆိုင်တဲ့ အောင်လက်မှတ်ပါ။ IGCSE ဆိုတာကရော ဘာလဲ? GCSE ဆိုတာ … Continue reading The difference between GED and IGCSE

Useful tips for good writing

လူတိုင်းစာရေးဖူးကြတာပဲ။ ဒါပေမဲ့ ကိုယ်ရေးတဲ့စာတွေက ဘာကြောင့်လူစိတ်ဝင်စားမှုနည်းနေတာလဲ…။ ဒါမျိုး လူတိုင်းကြုံဖူးကြမှာပါ။ ကိုယ့်ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ကိုယ်တင်တဲ့အကြောင်းအရာတွေက လူစိတ်ဝင်စားမှုနည်းတာ၊ ကိုယ်ရေးတဲ့ပညာသင်ဆုအက်ဆေးက အားနည်းချက်တွေများနေတာ၊ ဘာစာပဲရေးရေး အချိတ်အဆက်မမိဘဲ ဟာကွက်တွေ ဟိုတစ်ကွက်၊ ဒီတစ်ကွက်ရှိနေတာ ဒီအချက်တွေက ကိုယ့်မှာ စာအရေးအသားပိုင်း အားနည်းနေရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ အချက်တွေပါ။ အရေးအသားနဲ့ပတ်သက်ရင် ကျွန်မကိုယ်တိုင်ကလည်း ပညာရှင်တစ်ယောက်မဟုတ်တဲ့အတွက် လူတစ်ယောက်ချင်းစီမှာရှိနေတဲ့ အားနည်းချက်တွေကို အသေးစိတ်ကျကျ ချက်ကျလက်ကျနဲ့ လိုက်မပြင်ပေးနိုင်ပေမယ့် အခြေခံစာရေးသားနည်းနဲ့ပတ်သက်ပြီးတော့ အသုံးဝင်မယ့် အချက်အလက်တွေကိုတော့ အနည်းအကျဉ်းပြောပြပေးနိုင်ပါတယ်။ ကျွန်မအတွေ့အကြုံအရ စာကောင်းကောင်းတစ်ခုရေးနိုင်ဖို့ဆိုရင် ပထမဆုံးအချက်က စာကောင်းကောင်းဖတ်နိုင်တဲ့လူဖြစ်ဖို့ လိုအပ်ပါတယ်။ နောက်ပြီးနည်းစနစ်ပိုင်းအရပြောရရင် စာထဲမှာထည့်ထားတဲ့ အကြောင်းအရာဖော်ပြပုံ၊ ရေးသားပုံနည်းစနစ် ၊ အသုံးပြုတဲ့စာလုံးတွေ ၊ လေသံတွေ၊ အချိတ်အဆက်တွေ ၊ သုံးသပ်ချက်တွေ ၊ ဖော်ပြချက်တွေ ၊ writing pattern … Continue reading Useful tips for good writing

Chevening Scholarship လျှောက်လွှာတွေ လာမယ့်သြဂုတ် (၂) ရက်နေ့မှာ ပြန်လက်ခံပြီ

ဗြိတိန်အစိုးရက လာမယ့်နှစ်အတွက် Chevening Scholarship လျှောက်လွှာတွေကို သြဂုတ်လ (၂) ရက်နေ့မှာ စတင်လက်ခံပါတော့မယ်။ အစိုးရပညာသင်ဆုဖြစ်တဲ့အတွက် ပညာသင်ဆုရရှိတဲ့သူတွေက လေယာဉ်စရိတ်၊ ကျောင်းစရိတ်၊ အာမခံကြေး၊ နေထိုင်စရိတ်အားလုံး အကျိုးခံစားခွင့်ရှိမှာပါ။ ဒီပညာသင်ဆုက လူငယ်၊ လူလတ်ပိုင်းထဲက သက်ဆိုင်ရာနယ်ပယ်မှာကျွမ်းကျင်ဦးဆောင်နေတဲ့ လူငယ်ခေါင်းဆောင်တွေအတွက် ထောက်ပံ့တဲ့အစီအစဉ်ဖြစ်ပါတယ်။ လုပ်ငန်းအတွေ့အကြုံ၊ လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ဦးဆောင်နိုင်မှုစွမ်းရည်မြင့်မားမှသာ အဆင်ပြေနိုင်မယ့် ပညာသင်ဆုတစ်ခုဖြစ်ပါတယ်။ Chevening scholarship က Postgraduate program(Master Program) အတွက် လက်ခံပေးတဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံကလည်း နှစ်စဉ်ပညာသင်ဆုရရှိတဲ့သူတွေ ရှိပါတယ်။ ၂၀၂၂-၂၀၂၃ အတွက်ကတော့ လျှောက်လွှာပိတ်သွားပါပြီ။ ၂၀၂၃-၂၀၂၄ အတွက်ကိုတော့ ဒီလာမယ့် သြဂုတ်လ (၂) ရက်ကနေ နိုဝင်ဘာလ (၁) ရက်နေ့အထိ လက်ခံသွားမှာပါ။အသေးစိတ်ကို သက်ဆိုင်ရာဝက်ဆိုက်ကနေ ဆက်လက်ဖတ်ရှု့နိုင်ပါပြီ။ Website: … Continue reading Chevening Scholarship လျှောက်လွှာတွေ လာမယ့်သြဂုတ် (၂) ရက်နေ့မှာ ပြန်လက်ခံပြီ

Duolingo Practice Test_Sample Question

1. Select the real English word from the following list:- MirafitInfluentialLawnArgentLogicalGenerationExcessHistoryStimulate 2. Now for the video practice you have to say the below-given lines loudly and record yourself. This can cause damage to houses and other buildings and also lead to death. 3. Select the Real English word from the list given below 1. Eriorot2. … Continue reading Duolingo Practice Test_Sample Question

Duolingo English Test မဖြေခင်သိထားရမယ့်အချက်များ

Duolingo English test desktop app ကို ကြိုတင် download လုပ်ထားပါ။ Test ကို app ကနေပဲ ဖြေဆိုရမှာပါ။ တိတ်ဆိတ်ပြီး သက်တောင့်သက်သာဖြစ်တဲ့ နေရာမျိုးကို ကြိုရှာထားပါ။ Test ဖြေဆိုတဲ့အချိန် ဘေးနားမှာဘယ်သူမှမရှိရမှဖြစ်သလို ဆူညံသံတွေနဲ့ဝေးရာမှာဖြစ်ရပါမယ်။ (နားကြပ်မသုံးရတဲ့အတွက် ဘေးပတ်ဝန်းကျင်ဆူညံသံတွေနဲ့ဆို speaking test ဖြေဆိုရာမှာ အဆင်မပြေဖြစ်နိုင်ပါတယ်) ကင်မရာကို Test ဖြေတဲ့တစ်လျှောက်လုံးဖွင့်ထားရပါမယ်။ ဖြေဆိုသူရဲ့ identity ကိုပြဖို့ ID ကဒ်ကြိုတင်ယူထားပါ။ စားပွဲပေါ်မှာ စာရွက်၊ ဘောပင် မထားရပါ။ Test ဖြေတဲ့ကွန်ပျူတာမှာ chrome နဲ့တခြား program တွေ ဘာမှဖွင့်ထားလို့မရပါဘူး။ မေးခွန်းတွေကို သဘာဝကျကျဖြေဆိုပါ။ ကိုယ်ကြိုတင် practice လုပ်ထားတဲ့မေးခွန်းနဲ့ ဆင်တူတာမျိုးပါလို့ စာကျက်ဖြေသလိုဖြေတာမျိုး မဖြေမိဖို့အရေးကြီးပါတယ်။ … Continue reading Duolingo English Test မဖြေခင်သိထားရမယ့်အချက်များ

UN မှာ လုပ်အားပေးလျှောက်မယ်

ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စိတ်ဝင်စားလို့ပဲဖြစ်ဖြစ်၊ တခြားအကြောင်းအရင်းတစ်ခုခုကြောင့် လုပ်အားပေးလုပ်ချင်လို့ပဲဖြစ်ဖြစ် ဘယ်လိုရည်ရွယ်ချက်နဲ့မဆို ကမ္ဘာ့နေရာအနှံ့အပြားမှာ ကုလသမဂ္ဂရဲ့တရားဝင်လုပ်အားပေးတစ်ယောက်အနေနဲ့ ဝင်ရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားသူတွေအတွက် UN Volunteer Programme အကြောင်း နည်းနည်းမျှဝေပေးချင်ပါတယ်။ ဒီအစီအစဉ်ကို အထက်တန်းအောင်မြင်ပြီး (သို့) ဘွဲ့ရပြီးသူတွေထဲက အင်္ဂလိပ်၊ ပြင်သစ်၊ အာရေဗျနဲ့ စပိန်ဘာသာစကားတစ်ခုခုကို ရေးနိုင်၊ ပြောနိုင်ပြီး အတွေ့အကြုံရှိသူတွေလျှောက်ထားနိုင်ပါတယ်။ လုပ်အားပေးကာလကတော့ အနည်းဆုံး (၆)လ ကနေ အများဆုံး (၁) နှစ်အထိကြာပါတယ်။ Paid program မို့ လုပ်အားပေးအနေနဲ့ဝင်ခွင့်ရပြီဆိုတာနဲ့ လေယာဉ်လက်မှတ်ကစ နေ့စဉ်အသုံးစရိတ် ၊ နေထိုင်စရာနေရာ၊ အာမခံတွေလည်း ရရှိမှာပါ။ လုပ်အားပေးလုပ်ဖို့ တကယ်စိတ်ဝင်စားတဲ့သူတွေ၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုမတူတဲ့ဒေသမှာ လိုက်လျောညီထွေစွာနေတတ်တဲ့သူတွေနဲ့ အသစ် အသစ်သောအတွေ့အကြုံတွေကို လေ့လာရတာကြိုက်တဲ့သူတွေပဲ လျှောက်စေချင်ပါတယ်။ ကျွန်မဖတ်ဖူးတဲ့ ဆောင်းပါးတစ်ပုဒ်မှာဆိုရင် အမေရိကန်ပြည်ထောင်စုက အထက်တန်းပြီးတဲ့ကျောင်းသား၊ … Continue reading UN မှာ လုပ်အားပေးလျှောက်မယ်

ဘာသာစကားရော၊ ဗဟုသုတပါတိုးတက်စေတဲ့ BBC Learning English

အင်္ဂလိပ်ဘာသာစကားလေ့လာရင်းနဲ့ ဗဟုသုတတွေလည်းတိုးချင်တယ်ဆိုရင် SA ကလေ့လာစေချင်တဲ့ website တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ BBC Learning English က သင်ခန်းတွေပါ။ ဘာသာစကားအသစ်ကို self-learning နဲ့လေ့လာတဲ့အခါ တစ်ခါတလေပျင်းစရာကောင်းပြီး ကြိုးစားချင်စိတ်တောင် လျော့လာတတ်ပါတယ်။ အဲ့ဒီအချိန်မှာ ကိုယ်မသိသေးတဲ့ အထွေထွေဗဟုသုတအကြောင်းတွေကို နားထောင်ရင်း၊ ဖတ်ရင်းနဲ့လေ့လာရတာက ဘာသာစကားကိုလည်း ပိုပြီးစိတ်ဝင်စားမိစေသလို၊ လေ့လာတဲ့နေရာမှာလည်း အချိန်တိုအတွင်း ပိုတိုးတက်စေနိုင်ပါတယ်။ BBC Learning English ကို ဘယ်ကနေစပြီးလေ့လာရမယ်မှန်းမသိရင် English My Way(Basic) ကနေ စပြီးလေ့လာကြည့်ပါ။ Unit လေးခုပဲရှိလို့ မြန်ပါတယ်။ အဲ့ဒါပြီးရင်တော့ Lower-intermediate level ကို ဆက်လေ့လာလို့ရပါတယ်။ အခြေခံသိပြီးသားလို့ထင်ရင်လည်း Basic ကိုကျော်ပြီး Lower-intermediate က စလေ့လာကြည့်လို့ရပါတယ်။ သူက Upper-intermediate level … Continue reading ဘာသာစကားရော၊ ဗဟုသုတပါတိုးတက်စေတဲ့ BBC Learning English