အမေရိကန်မှာ ကောလိပ်နဲ့တက္ကသိုလ်ဆက်လက်တက်ရောက်ချင်တဲ့ လူငယ်အားကစားသမားတွေနဲ့ မသန်စွမ်းသူများအတွက် ပညာသင်ဆုပံ့ပိုးပေးနေတဲ့ အဖွဲ့အစည်းတွေတော်တော်များများရှိပါတယ်။ သူတို့အစီအစဉ်တွေက မြန်မာနိုင်ငံနဲ့တော့ အလှမ်းဝေးကောင်းဝေးနိုင်ပေမယ့် ရည်မှန်းချက်လည်းရှိတယ်၊ ပညာရေးကိုလည်းစိတ်ဝင်စားတဲ့ မသန်စွမ်းသူများနဲ့ အားကစားသမားများအတွက် ဒီပညာသင်ဆုအစီအစဉ်တွေကို လေ့လာထားပြီး ကိုယ်နဲ့ကိုက်ညီရင်လျှောက်ထားလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။ ဒီနှစ်ပညာသင်ဆုအတွက် မီသေးတယ်ဆိုရင်လည်း လျှောက်ထားနိုင်ပါတယ်။ AG Bell College Scholarship အပြိုင်အဆိုင်အရမ်းများတဲ့ ပညာသင်ဆုအစီအစဉ်လို့ပြောကြတဲ့ AG Bell ပညာသင်ဆုကတော့ နားမကြားသူများအတွက်ရည်ရွယ်ပြီးပေးတဲ့ ပညာသင်ဆုအစီအစဉ်ဖြစ်ပါတယ်။ အပြိုင်အဆိုင်ဘယ်လောက်များလဲဆိုရင် လျှောက်ထားသူတွေရဲ့ ၁၅% ပဲဝင်ခွင့်ရတယ်လို့ တရားဝင်ပြောထားပြီးသားပါ။ ဒီလိုထူးချွန်ပညာသင်ဆုဖြစ်လို့ အဓိကလိုအပ်ချက်ကတော့ တက္ကသိုလ်ဝင်တန်းအမှတ်ကောင်းဖို့လိုပါမယ်။ ဒါမှမဟုတ် တက္ကသိုလ်ပထမနှစ်တက်နေတယ်ဆိုရင်လည်း ပထမနှစ်အမှတ်စာရင်းပါ ပူးတွဲတင်ပေးရပါမယ်။ Recommendation (၃) စောင်လိုပါမယ်။ ကိုယ်တက်ချင်တဲ့ အမေရိကန်ကောလိပ်မှာဝင်ခွင့်မီတဲ့သူဖြစ်ရင် ပိုအဆင်ပြေပါတယ်။ ပညာသင်ဆုလျှောက်လွှာတွေကို မတ်လ (၄) ရက်မတိုင်ခင် အွန်လိုင်းကတစ်ဆင့်လျှောက်လွှာတင်ရပါမယ်။ Application … Continue reading မသန်စွမ်းနဲ့ အားကစားသမားများအတွက် နိုင်ငံတကာပညာသင်ဆုများ
နိုင်ငံတကာကလူငယ်တွေအတွက် Global Korea Scholarship အစီအစဉ်
ကိုရီးယားမှာလာရောက်ပညာသင်ကြားချင်တဲ့နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေအတွက် တောင်ကိုရီးယားအစိုးရကထောက်ပံ့ပေးတဲ့ ပညာသင်ဆုအစီအစဉ်တစ်ခုဖြစ်ပြီး Global Korea Scholarship ကဘွဲ့ကြိုနဲ့ ဘွဲ့လွန်သင်တန်း နှစ်ခုလုံးအတွက် ပညာသင်ထောက်ပံ့ကြေးပေးမှာပါ။ ပညာသင်ဆုအခွင့်အရေးပိုများတဲ့သူတွေကတော့ သက်ဆိုင်ရာနိုင်ငံတစ်ခုခုကနေဘွဲ့တစ်ခုခုရထားပြီး ကိုရီးယားမှာ Master နဲ့ PhD ဆက်လက်တက်ရောက်လိုတဲ့သူတွေပါ။ ပညာသင်ဆုလျှောက်ထားတဲ့သူတွေထဲ ကိုရီးယားဘာသာစကားကိုမတတ်ထားတဲ့သူတွေက ပညာသင်ဆုရရင် ကိုရီးယားဘာသာစကား တစ်နှစ်သင်တန်းကိုအရင်ဆုံးတက်ရမှာပါ။ TOPIK Level 5 အောင်မြင်ပြီးသားသူတွေကတော့ သက်ဆိုင်ရာသင်တန်းကိုတိုက်ရိုက်တက်ရောက်နိုင်ပါတယ်။ ဘယ်လိုလျှောက်ထားမလဲ အစိုးရပညာသင်ဆုဖြစ်တဲ့ လျှောက်ထားသူတွေက သက်ဆိုင်ရာနိုင်ငံကကိုရီးယားသံရုံး သို့မဟုတ် တက္ကသိုလ်ကို လျှောက်လွှာပေးပို့ပြီး လျှောက်ထားရမှာဖြစ်ပြီးတော့ Master နဲ့ PhD အတွက်ဆိုရင် ဖေဖော်ဝါရီကစပြီးလျှောက်ထားနိုင်ပါတယ်။ Bachelor အတွက်ဆိုရင်တော့ September ကစပြီးလျှောက်ထားနိုင်ပါတယ်။ Global Korea Scholarship အတွက်ပညာသင်ဆုကို တာဝန်ရှိသူတွေက သက်ဆိုင်ရာကိုရီးယားသံရုံး ဒါမှမဟုတ် ကိုရီးယားတက္ကသိုလ်တွေကိုအကြောင်းကြားပြီး announcement လုပ်ပါတယ်။ … Continue reading နိုင်ငံတကာကလူငယ်တွေအတွက် Global Korea Scholarship အစီအစဉ်
လူတိုင်းတက်လို့ရတဲ့ Digital Marketing သင်တန်းများ
ဒီနေ့ခေတ်မှာ တစ်ကမ္ဘာလုံးကလူတွေအားလုံးကိုချိတ်ဆက်ထားတာကတော့ ကျွန်မတို့နေ့စဉ်သုံးနေတဲ့ social media တွေပါပဲ။ ဒီ social media တွေနဲ့ချိတ်ဆက်မှုကနေ ကမ္ဘာတစ်ဖက်ခြမ်းနဲ့ တစ်ဖက်တိုက်ရိုက်ဆက်သွယ်ပြီး စကားတွေပြောလို့ရတယ်။ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းရှင်တွေဆိုလည်း ပြည်တွင်းထဲမှာရော ပြည်ပအထိပါချိတ်ဆက်ပြီး ကိုယ့်ရဲ့ brand marketing အတွက် social media တွေ၊ blog တွေ၊ app တွေကတစ်ဆင့်လူသိများအောင်လုပ်လို့ရနေပါပြီ။ နိုင်ငံတကာနဲ့တပြေးညီ ဒီလောက်အသုံးဝင်တဲ့ social media ကိုဘယ်လိုအကျိုးရှိရှိအသုံးချပြီး digital marketing လုပ်လို့ရလဲဆိုတာကို ကောင်းကောင်းနားလည်သဘောပေါက်ဖို့ social media သုံးနေတဲ့လူတိုင်း အခြေခံသိထားသင့်တဲ့ Digital Marketing အကြောင်းကို အခမဲ့သင်လို့ရတဲ့ Google တို့၊ Facebook တို့လိုကုမ္ပဏီကြီးတွေနဲ့ နိုင်ငံတကာတက္ကသိုလ်ကြီးတွေက ဖွင့်ထားတဲ့သင်တန်းအကြောင်း SA ကစုစည်းဖော်ပြပေးလိုက်ပါတယ်။ Google Digital … Continue reading လူတိုင်းတက်လို့ရတဲ့ Digital Marketing သင်တန်းများ
နယ်သာလန်နိုင်ငံမှာ Full Scholarship နဲ့ MSc in Human Geography ဘွဲ့လွန်လျှောက်မယ်
မကြာသေးမီက နယ်သာလန်အစိုးရရဲ့ Orange Knowledge Programme (OKP) အကြောင်း အနည်းငယ်ရေးသားခဲ့ပါတယ်။ အဲ့ဒီကနေတစ်ဆင့်ပြီးတစ်ဆင့်ထပ်ရှာကြည့်လိုက်တော့ မြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့ ဘာသာရပ်တစ်ခုကိုတွေ့ခဲ့ပါတယ်။ အဲ့ဒါကတော့ Conflicts, Territories and Identities နဲ့ပတ်သက်တဲ့ ဘွဲ့လွန်သင်တန်းပါ။ တစ်နှစ်ကြာတက်ရောက်ရမှာဖြစ်ပြီး နိုင်ငံတကာကျောင်သား၊ ကျောင်းသူတွေအတွက် ပညာသင်ဆုတွေလည်း စီစဉ်ပေးထားပါတယ်။ တက္ကသိုလ်ကတော့ Radboud University ဖြစ်ပြီး English ဘာသာနဲ့သင်ပေးမယ့်ဘွဲ့လွန်သင်တန်း ဖြစ်ပါတယ်။ Radboud နဲ့တွဲဖက်ဖွင့်လှစ်တဲ့ကျောင်းကလည်း ဒီဘက်အပိုင်းတွေမှာ အထူးပြုသုတေသန လုပ်နေတဲ့ Centre for International Conflict - Analysis & Management (CICAM) စင်တာဖြစ်ပါတယ်။ ဒီသင်တန်းမှာအဓိကသင်ကြားပေးမယ့် အထူးပြုဘာသာရပ်တွေကတော့ sociology ၊ anthropology၊ international relations၊ border studies၊ development … Continue reading နယ်သာလန်နိုင်ငံမှာ Full Scholarship နဲ့ MSc in Human Geography ဘွဲ့လွန်လျှောက်မယ်
ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် University of California, Berkeley ရဲ့ Academic Writing Free Class
အင်္ဂလိပ်စာကောင်းပေမယ့် Academic နဲ့ Business writing တွေရေးတဲ့အခါ အားနည်းချက်လေးတွေရှိလို့ ဘယ်လိုတိုးတက်အောင်လုပ်ရမလဲ၊ ဘယ်မှာသင်ရမလဲလို့ မေးကြတာရှိပါတယ်။ အပြင်သင်တန်းဆိုရင် Academic & Business writing သင်တန်းတွေက ဈေးကြီးတဲ့အတွက် သာမန်လူငယ်တွေအနေနဲ့ တက်နိုင်ဖို့က အခက်အခဲတွေရှိပါတယ်။ ဒီတော့ Academic & Business writing ကို အွန်လိုင်းကနေပဲ အခမဲ့သင်လို့ရမယ့်သင်တန်းတွေကို ရှာကြည့်လိုက်တော့ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် (၁၀) ခုထဲက တစ်ခုဖြစ်တဲ့ University of California, Berkeley ကနေ Free ဖွင့်လှစ်ပေးထားတဲ့ course တစ်ခုကို တွေ့ခဲ့ပါတယ်။ Academic & Business writing အတွက် အခြေခံလိုအပ်ချက်တွေကစပြီး စကားလုံး၊ Structure ၊ Editing၊ Writing style … Continue reading ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် University of California, Berkeley ရဲ့ Academic Writing Free Class
Band 7.5 IELTS Writing Task 2 Essay Samples
IELTS Writing Task 2_Essay Sample Some claim that studying abroad has great benefits for a student’s home country. To what extent do you agree or disagree? Write at least 250 words. Band 7.5 IELTS Essay written by IELTS-practice website’s student: Due to an increase in the effects of globalization, many youngsters chose to pursue their … Continue reading Band 7.5 IELTS Writing Task 2 Essay Samples
နယ်သာလန်အစိုးရရဲ့ Orange Knowledge Programme ပညာသင်ဆုများ
ပညာသင်ဆုအကြောင်းတွေ သိပ်မတင်ဖြစ်တော့ပေမယ့် Short courses တက်လို့ရတဲ့ institution တွေရွေးချယ်စရာအများကြီးရှိတဲ့နိုင်ငံမို့ ဒီပညာသင်ဆုအကြောင်းတော့ အနည်းငယ်ပြောပြပေးချင်ပါတယ်။ ဒါကြောင့် ဒီနေ့တော့ နယ်သာလန်နိုင်ငံက တက္ကသိုလ်တွေ၊ သင်တန်းကျောင်းတွေမှာ Short courses နဲ့ မာစတာတန်း ဆက်လက်တက်ရောက်ဖို့ စီစဉ်ထားတဲ့ မြန်မာနိုင်ငံအပါအဝင်ဖွံ့ဖြိုးဆဲနိုင်ငံက လူငယ်တွေအတွက် ပညာသင်ထောက်ပံ့ကြေးပံ့ပိုးပေးနေတဲ့ Orange Knowledge Programme (OKP) အစီအစဉ်အကြောင်းလေး နည်းနည်း Sharing လုပ်ပါမယ်နော်။ ဒီပညာသင်ဆုအစီအစဉ်ကနေ ထောက်ပံ့ပေးနေတဲ့ ပညာသင်ဆုအမျိုးအစား (၂) ခုရှိပါတယ်။ Short courses (နှစ်ပတ်ကနေ ၁၂ လအတွင်း)ကိုထောက်ပံ့ပေးတဲ့ ပညာသင်ဆုတွေနဲ့ နယ်သာလန်နိုင်ငံမှာ သဘာဝပတ်ဝန်းကျင်၊ ဖွံ့ဖြိုးရေး၊ စီးပွားရေးစတဲ့ဘာသာရပ်တွေနဲ့ပတ်သက်ပြီး မာစတာဘွဲ့ (တစ်နှစ်မှ နှစ်နှစ်အတွင်းကြာ) တက်ရောက်ဖို့ စီစဉ်ထားသူတွေအတွက် ထောက်ပံ့ပေးတဲ့ ပညာသင်ဆုတွေဆိုပြီး အမျိုးအစားနှစ်ခုရှိပါတယ်။ နယ်သာလန်အစိုးရရဲ့ပညာသင်ဆုအများစုက … Continue reading နယ်သာလန်အစိုးရရဲ့ Orange Knowledge Programme ပညာသင်ဆုများ
ကလေးငယ်များအတွက် Cambridge English ရဲ့အွန်လိုင်းသင်တန်းများ
Cambridge English သင်ခန်းစာတွေက အသက် (၃) နှစ်~(၅) နှစ်အထက် ကလေးတွေအတွက် ကျွမ်းကျင်မှု Level အလိုက်သင်လို့ရတဲ့ အင်္ဂလိပ်စာသင်တန်းတွေဖြစ်တဲ့အတွက် ဆရာ ဆရာမတွေ၊ မိဘတွေ၊ အုပ်ထိန်းသူတွေက ဘေးကနေကူညီပေးရုံပါပဲ။ မြန်မာနိုင်ငံလိုအခြေအနေမျိုးမှာ အပြင်ကျောင်းမှာ အင်္ဂလိပ်ဘာသာစကားသင်တန်းတက်ဖို့ဆိုတာ မြို့ကြီးတွေကသူတွေအတွက် အဆင်ပြေပေမယ့် သင်တန်းရွေးချယ်စရာ ရှားပါးတဲ့နေရာက ကလေးတွေအတွက် သူတို့အသက်အရွယ်နဲ့လိုက်ဖက်တဲ့ အင်္ဂလိပ်ဘာသာစကားကို သင်ဖို့ဆိုရင်တော့ Cambridge English က အသင့်တော်ဆုံးပါပဲ။ အခမဲ့သင်တန်းဖြစ်တဲ့အတွက် အင်တာနက်ရတဲ့ဘယ်နေရာကမဆို သင်ယူလို့ရပါတယ်။ သင်ခန်းစာ၊ Level တစ်ခုစီပြီးတိုင်း Sample Test လေးတွေလည်း ဖြေကြည့်လို့ရပါတယ်။ တကယ့် Exam ကတော့ စာမေးပွဲကြေးသွင်းပြီးတော့ ဖြေလို့ရပါတယ်။ အွန်လိုင်းကသင်တန်းတွေရဲ့ အကျိုးကျေးဇူးက ကုန်ကျစရိတ်သက်သာပြီး အလွယ်တကူသင်ယူလို့ရတဲ့အချက်ပါ။ အားနည်းချက်ကတော့ သင်ယူသူရဲ့စိတ်ပါဝင်စားမှုပေါ်မူတည်ပြီး တိုးတက်မှုကွာခြားသွားတာပါပဲ။ ကလေးတွေအတွက်ဆိုရင်တော့ … Continue reading ကလေးငယ်များအတွက် Cambridge English ရဲ့အွန်လိုင်းသင်တန်းများ