အာရှရဲ့နာမည်ကျော်တက္ကသိုလ်တွေထဲမှာ ထိုင်ဝမ်အမျိုးသားတက္ကသိုလ်က ကမ္ဘာ့ထိပ်တန်းအဆင့် (၁၀၀) မှာရှိပြီး တခြားထိုင်ဝမ်တက္ကသိုလ်တွေကလည်း အလားတူထိပ်တန်းအဆင့် ၁၀၀ ~ ၂၀၀ အတွင်းမှာရှိပါတယ်။ ထိုင်ဝမ်ရဲ့အဆင့်မြင့်ပညာရေးကဏ္ဍမှာ တက္ကသိုလ်၊ ကောလိပ်အမျိုးအစား (၄) ခုရှိပါတယ်။ အဲ့ဒါတွေကတော့ University လို့ခေါ်တဲ့ တက္ကသိုလ်ကြီးတွေ၊ အထက်တန်းကောလိပ်တွေ ၊ သိပ္ပံနဲ့နည်းပညာတက္ကသိုလ်နဲ့ နည်းပညာကောလိပ်တို့ပါ။ ပညာသင်နှစ်တွေကတော့ (၂) နှစ် ဒီဂရီပရိုဂရမ်တွေရှိသလို (၄)နှစ် တက္ကသိုလ်ဒီဂရီပရိုဂရမ်တွေလည်းရှိပါတယ်။ Master program တွေက အနည်းဆုံး (၁) နှစ်ကနေ (၄)နှစ်အထိကြာပြီး Ph.D program တွေကတော့ (၂) နှစ်ကနေ (၇) နှစ်အထိ ကြာပါတယ်။ ကိုယ်တက်ရောက်နေတဲ့ဘာသာရပ်နဲ့ပရိုဂရမ်ပေါ်မူတည်ပြီး internship ဆင်းရတာရှိပါတယ်။ internship ကြာချိန်ကတော့ (၁)နှစ်ကနေ (၂) နှစ်အထိပါ။ ထိုင်ဝမ်ရဲ့ပညာရေးစနစ်အကြောင်း အနည်းငယ်သိလောက်ပြီဆိုတော့ … Continue reading ထိုင်ဝမ်အစိုးရပညာသင်ဆု ICDF
Rotary Peace Center ရဲ့ငြိမ်းချမ်းရေးပညာသင်ဆု
တစ်နေ့က Scholarship Announcements page ကနေ Rotary Peace Fellowship အတွက် လျှောက်လွှာတွေစတင်လက်ခံနေပြီလို့ ကြေညာပေးခဲ့ပါတယ်။ အသေးစိတ်မပြောဖြစ်ဘဲ post ကိုဒီအတိုင်း share ပေးလိုက်တာမို့ ဒီနေ့တော့ Rotary Peace Fellowship အကြောင်းနည်းနည်းပြောပြပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒီ full scholarship ကမြန်မာနိုင်ငံကကျောင်းသားဟောင်းတွေ၊ လျှောက်ထားသူတွေနှစ်စဉ်ရှိတဲ့ ခိုင်မာတဲ့ပညာသင်ဆုအစီအစဉ်လည်းဖြစ်တယ်။ Rotary Peace Centers တွေက နိုင်ငံ(၅)နိုင်ငံမှာရှိပြီး ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးစိတ်ဝင်စားရင် ကိုယ့်ရဲ့ပညာအရည်အချင်းပေါ်မူတည်ပြီးတက်ရောက်လို့ရတဲ့ ပညာသင်ဆုအစီအစဉ်လည်းဖြစ်တာကြောင့် ပြောပြပေးဖို့ရွေးချယ်လိုက်တာပါ။ အွန်လိုင်းလျှောက်လွှာများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ဆုတွေကို လျှောက်ဖို့အတွက်ကတော့ အွန်လိုင်းကနေပဲ လျှောက်ထားရမှာပါ။ မေလ (၁၅) ရက်မတိုင်ခင်လျှောက်ထားရမှာပါ။ ပညာသင်ဆုလျှောက်ထားတဲ့အခါ resume ၊ ထောက်ခံစာ (Academic or Professional) ၊ … Continue reading Rotary Peace Center ရဲ့ငြိမ်းချမ်းရေးပညာသင်ဆု
နိုင်ငံတကာကလူငယ်တွေအတွက် Global Korea Scholarship အစီအစဉ်
ကိုရီးယားမှာလာရောက်ပညာသင်ကြားချင်တဲ့နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေအတွက် တောင်ကိုရီးယားအစိုးရကထောက်ပံ့ပေးတဲ့ ပညာသင်ဆုအစီအစဉ်တစ်ခုဖြစ်ပြီး Global Korea Scholarship ကဘွဲ့ကြိုနဲ့ ဘွဲ့လွန်သင်တန်း နှစ်ခုလုံးအတွက် ပညာသင်ထောက်ပံ့ကြေးပေးမှာပါ။ ပညာသင်ဆုအခွင့်အရေးပိုများတဲ့သူတွေကတော့ သက်ဆိုင်ရာနိုင်ငံတစ်ခုခုကနေဘွဲ့တစ်ခုခုရထားပြီး ကိုရီးယားမှာ Master နဲ့ PhD ဆက်လက်တက်ရောက်လိုတဲ့သူတွေပါ။ ပညာသင်ဆုလျှောက်ထားတဲ့သူတွေထဲ ကိုရီးယားဘာသာစကားကိုမတတ်ထားတဲ့သူတွေက ပညာသင်ဆုရရင် ကိုရီးယားဘာသာစကား တစ်နှစ်သင်တန်းကိုအရင်ဆုံးတက်ရမှာပါ။ TOPIK Level 5 အောင်မြင်ပြီးသားသူတွေကတော့ သက်ဆိုင်ရာသင်တန်းကိုတိုက်ရိုက်တက်ရောက်နိုင်ပါတယ်။ ဘယ်လိုလျှောက်ထားမလဲ အစိုးရပညာသင်ဆုဖြစ်တဲ့ လျှောက်ထားသူတွေက သက်ဆိုင်ရာနိုင်ငံကကိုရီးယားသံရုံး သို့မဟုတ် တက္ကသိုလ်ကို လျှောက်လွှာပေးပို့ပြီး လျှောက်ထားရမှာဖြစ်ပြီးတော့ Master နဲ့ PhD အတွက်ဆိုရင် ဖေဖော်ဝါရီကစပြီးလျှောက်ထားနိုင်ပါတယ်။ Bachelor အတွက်ဆိုရင်တော့ September ကစပြီးလျှောက်ထားနိုင်ပါတယ်။ Global Korea Scholarship အတွက်ပညာသင်ဆုကို တာဝန်ရှိသူတွေက သက်ဆိုင်ရာကိုရီးယားသံရုံး ဒါမှမဟုတ် ကိုရီးယားတက္ကသိုလ်တွေကိုအကြောင်းကြားပြီး announcement လုပ်ပါတယ်။ … Continue reading နိုင်ငံတကာကလူငယ်တွေအတွက် Global Korea Scholarship အစီအစဉ်