အမေရိကန်မှာ ကောလိပ်နဲ့တက္ကသိုလ်ဆက်လက်တက်ရောက်ချင်တဲ့ လူငယ်အားကစားသမားတွေနဲ့ မသန်စွမ်းသူများအတွက် ပညာသင်ဆုပံ့ပိုးပေးနေတဲ့ အဖွဲ့အစည်းတွေတော်တော်များများရှိပါတယ်။ သူတို့အစီအစဉ်တွေက မြန်မာနိုင်ငံနဲ့တော့ အလှမ်းဝေးကောင်းဝေးနိုင်ပေမယ့် ရည်မှန်းချက်လည်းရှိတယ်၊ ပညာရေးကိုလည်းစိတ်ဝင်စားတဲ့ မသန်စွမ်းသူများနဲ့ အားကစားသမားများအတွက် ဒီပညာသင်ဆုအစီအစဉ်တွေကို လေ့လာထားပြီး ကိုယ်နဲ့ကိုက်ညီရင်လျှောက်ထားလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။ ဒီနှစ်ပညာသင်ဆုအတွက် မီသေးတယ်ဆိုရင်လည်း လျှောက်ထားနိုင်ပါတယ်။ AG Bell College Scholarship အပြိုင်အဆိုင်အရမ်းများတဲ့ ပညာသင်ဆုအစီအစဉ်လို့ပြောကြတဲ့ AG Bell ပညာသင်ဆုကတော့ နားမကြားသူများအတွက်ရည်ရွယ်ပြီးပေးတဲ့ ပညာသင်ဆုအစီအစဉ်ဖြစ်ပါတယ်။ အပြိုင်အဆိုင်ဘယ်လောက်များလဲဆိုရင် လျှောက်ထားသူတွေရဲ့ ၁၅% ပဲဝင်ခွင့်ရတယ်လို့ တရားဝင်ပြောထားပြီးသားပါ။ ဒီလိုထူးချွန်ပညာသင်ဆုဖြစ်လို့ အဓိကလိုအပ်ချက်ကတော့ တက္ကသိုလ်ဝင်တန်းအမှတ်ကောင်းဖို့လိုပါမယ်။ ဒါမှမဟုတ် တက္ကသိုလ်ပထမနှစ်တက်နေတယ်ဆိုရင်လည်း ပထမနှစ်အမှတ်စာရင်းပါ ပူးတွဲတင်ပေးရပါမယ်။ Recommendation (၃) စောင်လိုပါမယ်။ ကိုယ်တက်ချင်တဲ့ အမေရိကန်ကောလိပ်မှာဝင်ခွင့်မီတဲ့သူဖြစ်ရင် ပိုအဆင်ပြေပါတယ်။ ပညာသင်ဆုလျှောက်လွှာတွေကို မတ်လ (၄) ရက်မတိုင်ခင် အွန်လိုင်းကတစ်ဆင့်လျှောက်လွှာတင်ရပါမယ်။ Application … Continue reading မသန်စွမ်းနဲ့ အားကစားသမားများအတွက် နိုင်ငံတကာပညာသင်ဆုများ
Rotary Peace Center ရဲ့ငြိမ်းချမ်းရေးပညာသင်ဆု
တစ်နေ့က Scholarship Announcements page ကနေ Rotary Peace Fellowship အတွက် လျှောက်လွှာတွေစတင်လက်ခံနေပြီလို့ ကြေညာပေးခဲ့ပါတယ်။ အသေးစိတ်မပြောဖြစ်ဘဲ post ကိုဒီအတိုင်း share ပေးလိုက်တာမို့ ဒီနေ့တော့ Rotary Peace Fellowship အကြောင်းနည်းနည်းပြောပြပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒီ full scholarship ကမြန်မာနိုင်ငံကကျောင်းသားဟောင်းတွေ၊ လျှောက်ထားသူတွေနှစ်စဉ်ရှိတဲ့ ခိုင်မာတဲ့ပညာသင်ဆုအစီအစဉ်လည်းဖြစ်တယ်။ Rotary Peace Centers တွေက နိုင်ငံ(၅)နိုင်ငံမှာရှိပြီး ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးရေးစိတ်ဝင်စားရင် ကိုယ့်ရဲ့ပညာအရည်အချင်းပေါ်မူတည်ပြီးတက်ရောက်လို့ရတဲ့ ပညာသင်ဆုအစီအစဉ်လည်းဖြစ်တာကြောင့် ပြောပြပေးဖို့ရွေးချယ်လိုက်တာပါ။ အွန်လိုင်းလျှောက်လွှာများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်ဆုတွေကို လျှောက်ဖို့အတွက်ကတော့ အွန်လိုင်းကနေပဲ လျှောက်ထားရမှာပါ။ မေလ (၁၅) ရက်မတိုင်ခင်လျှောက်ထားရမှာပါ။ ပညာသင်ဆုလျှောက်ထားတဲ့အခါ resume ၊ ထောက်ခံစာ (Academic or Professional) ၊ … Continue reading Rotary Peace Center ရဲ့ငြိမ်းချမ်းရေးပညာသင်ဆု
နိုင်ငံတကာကလူငယ်တွေအတွက် Global Korea Scholarship အစီအစဉ်
ကိုရီးယားမှာလာရောက်ပညာသင်ကြားချင်တဲ့နိုင်ငံတကာကျောင်းသား၊ ကျောင်းသူတွေအတွက် တောင်ကိုရီးယားအစိုးရကထောက်ပံ့ပေးတဲ့ ပညာသင်ဆုအစီအစဉ်တစ်ခုဖြစ်ပြီး Global Korea Scholarship ကဘွဲ့ကြိုနဲ့ ဘွဲ့လွန်သင်တန်း နှစ်ခုလုံးအတွက် ပညာသင်ထောက်ပံ့ကြေးပေးမှာပါ။ ပညာသင်ဆုအခွင့်အရေးပိုများတဲ့သူတွေကတော့ သက်ဆိုင်ရာနိုင်ငံတစ်ခုခုကနေဘွဲ့တစ်ခုခုရထားပြီး ကိုရီးယားမှာ Master နဲ့ PhD ဆက်လက်တက်ရောက်လိုတဲ့သူတွေပါ။ ပညာသင်ဆုလျှောက်ထားတဲ့သူတွေထဲ ကိုရီးယားဘာသာစကားကိုမတတ်ထားတဲ့သူတွေက ပညာသင်ဆုရရင် ကိုရီးယားဘာသာစကား တစ်နှစ်သင်တန်းကိုအရင်ဆုံးတက်ရမှာပါ။ TOPIK Level 5 အောင်မြင်ပြီးသားသူတွေကတော့ သက်ဆိုင်ရာသင်တန်းကိုတိုက်ရိုက်တက်ရောက်နိုင်ပါတယ်။ ဘယ်လိုလျှောက်ထားမလဲ အစိုးရပညာသင်ဆုဖြစ်တဲ့ လျှောက်ထားသူတွေက သက်ဆိုင်ရာနိုင်ငံကကိုရီးယားသံရုံး သို့မဟုတ် တက္ကသိုလ်ကို လျှောက်လွှာပေးပို့ပြီး လျှောက်ထားရမှာဖြစ်ပြီးတော့ Master နဲ့ PhD အတွက်ဆိုရင် ဖေဖော်ဝါရီကစပြီးလျှောက်ထားနိုင်ပါတယ်။ Bachelor အတွက်ဆိုရင်တော့ September ကစပြီးလျှောက်ထားနိုင်ပါတယ်။ Global Korea Scholarship အတွက်ပညာသင်ဆုကို တာဝန်ရှိသူတွေက သက်ဆိုင်ရာကိုရီးယားသံရုံး ဒါမှမဟုတ် ကိုရီးယားတက္ကသိုလ်တွေကိုအကြောင်းကြားပြီး announcement လုပ်ပါတယ်။ … Continue reading နိုင်ငံတကာကလူငယ်တွေအတွက် Global Korea Scholarship အစီအစဉ်
ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် University of California, Berkeley ရဲ့ Academic Writing Free Class
အင်္ဂလိပ်စာကောင်းပေမယ့် Academic နဲ့ Business writing တွေရေးတဲ့အခါ အားနည်းချက်လေးတွေရှိလို့ ဘယ်လိုတိုးတက်အောင်လုပ်ရမလဲ၊ ဘယ်မှာသင်ရမလဲလို့ မေးကြတာရှိပါတယ်။ အပြင်သင်တန်းဆိုရင် Academic & Business writing သင်တန်းတွေက ဈေးကြီးတဲ့အတွက် သာမန်လူငယ်တွေအနေနဲ့ တက်နိုင်ဖို့က အခက်အခဲတွေရှိပါတယ်။ ဒီတော့ Academic & Business writing ကို အွန်လိုင်းကနေပဲ အခမဲ့သင်လို့ရမယ့်သင်တန်းတွေကို ရှာကြည့်လိုက်တော့ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် (၁၀) ခုထဲက တစ်ခုဖြစ်တဲ့ University of California, Berkeley ကနေ Free ဖွင့်လှစ်ပေးထားတဲ့ course တစ်ခုကို တွေ့ခဲ့ပါတယ်။ Academic & Business writing အတွက် အခြေခံလိုအပ်ချက်တွေကစပြီး စကားလုံး၊ Structure ၊ Editing၊ Writing style … Continue reading ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် University of California, Berkeley ရဲ့ Academic Writing Free Class